3 ရက် - ဘာသာပြန်ပါ။

iOS 26 Update ထွက်ပြီ ၊ တင်ရမလား ၊ မတင်ရမလား ဖြစ်နေပြီလား? 🤯(အရင်ဆုံး ကိုယ့်ရဲ့ iPhone တင်လို့ရလားဆိုတာကို ပုံထဲမှာကြည့်နိုင်ပါတယ်)
အသစ်အဆန်းကိုမှ သုံးဖို့ စောင့်နေသူတွေကတော့ Update တင်လိုက်ပါ
Bug ပါမှာကြောက်ရင်တော့ တစ်ပတ်လောက်စောင့်ပြီးမှ တင်ပေါ့
ရိုးရိုးရှင်းရှင်းပါပဲ
ဆိုတော့ ဘာတွေ ပြသနာကြုံရနိုင်လဲ
1. ဖုန်းပူတာပါ - Update က Major Update ဖြစ်တာမလို့ ဖုန်းနဲ့အသားကျအောင် Update တင်ပြီး အချိန်အနည်းငယ် ကြာအထိ ပူတာမျိုးတွေရှိတတ်ပါတယ်
2. Bug ပါလာတာ - အများအားဖြင့် အားကုန်မြန်တာမျိူး ၊ ဖုန်းပူနေတာမျိူးပါ ၊ ပထမဆုံး iOS 26 Update ဖြစ်တာမလို့ Bug ကြောက်ရင် တစ်ပတ်လောက်စောင့်လို့ပြောတာဖြစ်ပါတယ်
3. Update တင်ရင်း Apple Logo Stuck တာ - Update ကို install နေတုန်း Apple Logo မှာရပ်သွားရင် Restore ပြန်လုပ်ရတာများပါတယ် ဖြစ်တတ်လား ဆို ဖြစ်တတ်တယ် ၊ ဒါကြောင့်ပဲ Update မတင်ခင် ဖုန်းကို သေချာ Backup လုပ်ထားမျိုး လုပ်သင့်ပါတယ်
Beta တင်ထားရင် Official Version ဘယ်လိုပြောင်းမလဲ?
လွယ်ပါတယ် Setting > General > Software Update > Beta Update > Off ရုံပါပဲ
ဒါဆိုရင်တော့ iOS 26 ရဲ့ Official Update တွေ နောက်ပိုင်းကျရင် ပေါ်လာမှာပါ Beta RC အသစ်ထပ်မထွက်ရင်တော့ တင်စရာတောင် မလိုတဲ့ အခြေအနေပါပဲ
ကိုယ့်ရဲ့ iPhone Model ပါရဲ့လားဆိုတာကို အောက်က ပုံတွေမှာ ကြည့်နိုင်ပါတယ်
တင်ထားပြီးတဲ့သူတွေလဲ အခြေအနေလေးတွေ မျှဝေခဲ့ကြပါဦးခဗျ

image
image
image
image