✡ လက်ဖဝါး ဘာလို့ယားတာလဲ ? ✡
လက်ဖဝါးယားတယ်ဆိုရင် ငွေဝင်တော့မယ်လို့ ပြောကြတယ်။ လာဘ်ကောင်းတဲ့ နိမိတ်လို့ ယုံကြည်သူတွေရှိပါတယ်။
ဒါလည်း ဟုတ်ရင်ဟုတ်နိုင်ပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ အကြောင်းရင်းတစ်ခုခုရှိနေတာသေချာပါတယ်။
လက်ဖဝါးယားတယ်ဆိုတာ အရေပြားမှာအဖြစ်များတဲ့ ပြဿနာတစ်ခုခုရှိနေတာကြောင့်ဖြစ်တတ်ပါတယ်။ဒါပေမယ့် တစ်ခါတရံမှာ ပိုပြင်းထန်တဲ့ရောဂါအကြောင်းရင်းခံကို လက္ခဏာပြတာလည်းဖြစ်နေနိုင်ပါတယ်။
ဒီလိုမျိုးအဖြစ်များရတဲ့အကြောင်းရင်းက ဓာတုပစ္စည်းတွေနဲ့ထိတွေ့မှုများတဲ့ အတွက်ကြောင့်လဲ ပါဝင်ပါတယ်။ သန့်ရှင်းရေး၊ ဆံသ၊ ကျန်းမာရေးစောင့်ရှောက်မှု၊ စက်ပြင် စတဲ့အလုပ်တွေက ဓာတုပစ္စည်းတွေနဲ့ လက်ဖဝါးထိတွေ့ရတာများတဲ့ လက်ဖဝါးယားတက်ပါတယ်။ အလှလက်စွပ်နဲ့တခြားလက်ဝတ်လက်စားတွေလိုမျိုးဆီက သံသတ္တုနဲ့ဓာတ်မတည့်ခြင်း၊ ရေမွှေး၊ ဆပ်ပြာ၊ ပိုးသတ်ဆေး၊ ဖုန်မှုန့်စတဲ့ အရာတွေနဲ့ဓာတ်မတည့်တဲ့ အခါတွေမှာလဲ လက်ဖဝါးယားတက်ပါတယ်။
လူတစ်ယောက်မှာဆီးချိုရောဂါရှိနေတဲ့အခါ သွေးတွင်းသကြားဓာတ်ပမာဏမြင့်လွန်းနေတဲ့အခါ အရေပြားခြောက်သွေ့ပြီး ယားယံလာနိုင်ပါတယ်။ အဲဒီလိုယားယံတဲ့အခါ လကိဖဝါး သို့မဟုတ် တခြားခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အရေပြားနီမြန်းလာတာ၊ အဖုလေးတွေဖြစ်လာတာတွေဖြစ်တတ်ပါတယ်။ ဒါကေတာ့ ဆီးချိုရှိတဲ့သူတွေမှာ တွေ့ရတက်ပါတယ်။
လက်အရေပြားမှာ နီမြန်း၊ရောင်ရမ်းလာပြီး အေရခြံကြာလာတာ၊
အရေပြား အက်ကွဲလာတာ၊ သွေးစို့လာတာ၊ ရေကြည်ဖုလေးတွေ ဖြစ်လာပြီး ပေါက်ပြဲလာတာ၊ အနီကွက်တွေဖြစ်လာတာ၊ ရေယုန်ဖြစ်လာတာ၊ အရေပြားမှာ လောင်တဲ့ပုံစံဖြစ်လာတာတွေ ဖြစ်တဲ့အခါတွေမှာ ဆရာဝန်နဲ့ ပြသဖို့ လိုအပ်ပါတယ်။
လက်ဖဝါး ယားယံတာနဲ့ ပတ်သက်ပြီး ဘယ်လိုဂရုစိုက်ရမလဲ၊ ကာကွယ်ရမလဲ ဆိုရင်တော့ ရိုးရိုးသာမန် လက်ဖဝါးယားယံခြင်းကိုတော့ အရေပြားထိန်းသိမ်းရင်းနဲ့တင် ကြိုတင်ကာကွယ်နိုင်ပါတယ်။ ရေဓာတ်ပြည့်ဝအောင်နေပါ ခန္ဓာကိုယ်ကို ရေဓာတ်ပြည့်ဝနေစေဖို့ ရေဝဝသောက်ပါ။ ရေဓာတ်ကြွယ်ဝတဲ့အစားအစာတွေကို စားပါ။ lotion လိမ်းပါ အရေပြားကိုသက်တောင့်သက်သာဖြစ်စေပြီး အစိုဓာတ်ထိန်းပေးနိုင်ဖို့ lotions နဲ့ moisturizers တွေ လိမ်းပေးပါ။
ကာကွယ်ပါ လက်အရေပြားက ထိခိုက်လွယ်၊တုံ့ပြန်လွယ်အသားအရေဖြစ်တယ်ဆိုရင် ဓာတုပစ္စည်းပါတဲ့အရာတွေကို ထိတွေ့တော့မယ့် အခါတိုင်း လက်ကိုကာကွယ်ဖို့ သတိပြုပါ။ ဆပ်ပြာကိုင်မယ်ကြံတိုင်း၊ ပန်းကန်ဆေးမယ်ဆိုရင် ရော်ဘာလက်အိတ်စွပ်ပါ။ သိပ်ပြင်းတဲ့ ဆပ်ပြာတွေကို မသုံးတာအကောင်းဆုံးပါ။

image