တာမွေမှာ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးပြီး ဆွဲကြိုးဖြတ်လုယက်သူအမျိုးသား ပြည်သူတွေကဝိုင်းဖမ်းလို့ ရဲလက်ရောက်

စက်တင်ဘာ ၁၆

ရန်ကုန်တိုင်းဒေသကြီး၊ တာမွေမြို့နယ် ကျောက်မြောင်းဈေးကားမှတ်တိုင်အနီးမှာ အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးပြီး ဆွဲကြိုးဖြတ်လုယက်ခဲ့တဲ့ အမျိုးသားတစ်ဦးဟာ ပြည်သူတွေရဲ့ ဝိုင်းဝန်းဖမ်းဆီးခြင်းခံလိုက်ရတဲ့ဖြစ်စဥ်တစ်ခု ဒီကနေ့ စက်တင်ဘာ ၁၅ ရက်၊ နေ့လည် ၂ နာရီဝန်းကျင်အချိန်ခန့်မှာ ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

၎င်းအမျိုးသားဟာ စက်ဘီးနဲ့ရောက်လာပြီး အမျိုးသမီးတစ်ဦးကို ဓါးနဲ့ထိုးကာ ဆွဲကြိုးကို လုယက်စဥ်မှာ အနီးအပါးမှာရှိတဲ့ ပြည်သူတွေက ဝိုင်းဝန်းဖမ်းဆီးပြီးနောက် ရဲလက်ကိုအပ်လိုက်ကြတာလို့ ဆိုပါတယ်။

ယင်းဖြစ်စဥ်ကြောင့် လုယက်ခံရသူ အမျိုးသမီးမှာ ဘယ်လက်ပြတ်ရှဒဏ်ရာရခဲ့သလို ဆွဲကြိုးလည်း အပိုင်းသုံးပိုင်း ပြတ်ထွက်သွားခဲ့တာကြောင့် ပြန်လည်ရှာဖွေရာမှာတော့ နှစ်ပိုင်းကိုသာ ရှာတွေ့ခဲ့ပေမယ့် နောက်ပိုင်းမှာ ပြတ်ထွက်သွားတဲ့ ကျန်တစ်ပိုင်းကို ကောက်ရခဲ့သူ လူငယ်တစ်ဦးက လာရောက်ပေးခဲ့တဲ့အတွက် ဆုံးရှုံးမှုမရှိခဲ့ဘူးလို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

imageimage