ခွေးပေါက်ကလေးရဲ့ သွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာကို အမှုမဲ့ အမှတ်မဲ့နေရာက အမျိုးသမီးငယ်တစ်ဦး ခွေးရူးပြန်ရောဂါဖြစ်ကာ 6သဆုံး
.
လွန်ခဲ့တဲ့ ၆ လခန့်က ခွေးသွားနဲ့ခြစ်မိရာကနေ ကာကွယ်ဆေးမထိုးမိတာကြောင့်
ခွေးရူးပြန်ရောဂါနဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီး6သဆုံးခဲ့တာပါ။
ခွေးရူးပြန်ရောဂါဝေဒနာခံစားရသူနဲ့ သူ့မိသားစုက ပဲခူးရိုးမ မြိုင်ဟေဝန်ဆင်စခန်းမှာ နေထိုင်ကြသူတွေလို့ သိရှိရပြီး ဝေဒနာနဲ့ 6သဆုံးခဲ့သူအမျိုးသမီးငယ်ဟာ လွန်ခဲ့တဲ့ ၆ လခန့်က ပေါက်စလေးအား လက်ပွန်းတတီး ပွေ့ချီ စနောက်မိရာက ခွေးသွားနဲ့ခြစ်မိတဲ့ သွေးစို့ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။ အမှုမဲ့အမှတ်မဲ့ နေထိုင်ခဲ့ရာက ရောဂါ လက္ခဏာ ပြလာတဲ့အတွက် နီးစပ်ရာ ကျန်းမာရေးဆေးပေးခန်းဆီ ပြသကုသပေမယ့် ဆေးပေးခန်းက သာယာဝတီဆေးရုံဆီ တင်ပို့ကုသဖို့ ညွှန်ကြားတာကြောင့် လာရောက်ကုသစဥ် ခွေးရူးပြန်ရောဂါလက္ခဏာ ပြင်းထန်လာတဲ့အတွက် သာယာဝတီဆေးရုံက ရန်ကုန်ဆေးရုံကြီးဆီ ထပ်မံ လွှဲပြောင်းတာကြောင့် အဖြူရောင်ပရဟိတလူမှုကူညီရေးအသင်းပိုင် သူနာတင်ယာဥ်နဲ့ သယ်ဆောင်လာတဲ့ လမ်းခုလတ်မှာပဲ အဆိုပါအမျိုးသမီးငယ် 6သဆုံးတယ်လို့ သိရပါတယ်။
