5 ပတ် - ဘာသာပြန်ပါ။

#ယနေ့ထုတ်သတင်းစာ_သတင်း
◼ ထိုင်းနိုင်ငံအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုကို ထိန်းချုပ်နိုင်ရေး ၎င်းတို့နှင့်ဆက်စပ်နေသော ဘဏ်အကောင့်များကို စုံစမ်းစစ်ဆေးနေ
ထိုင်းနိုင်ငံအတွင်း အွန်လိုင်းငွေကြေးလိမ်လည်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ၎င်းတို့နှင့်ဆက်စပ်နေသော ဘဏ်အကောင့်များကို စုံစမ်းစစ်ဆေးနေသဖြင့် ဘဏ်အကောင့်များစွာ ပိတ်သိမ်းခံရမည်ဖြစ်ကြောင်း ထိုင်းဗဟိုဘဏ်က စက်တင်ဘာ ၁၃ ရက်တွင် သတိပေးထားသည်။
အွန်းလိုင်းငွေလိမ်ခံရသူများအတွက် ဆုံးရှုံးသွားသောငွေများ ပြန်လည်ရယူနိုင်ရေးနှင့် ငွေလိမ်အကောင့်များကို ခြေရာခံနိုင်ရေး သက်ဆိုင်ရာဘဏ်လုပ်ငန်းများနှင့် ထိုင်းဗဟိုဘဏ်က ပူးပေါင်းကာ အွန်လိုင်းငွေကြေးလိမ်လည်မှုပပျောက်ရေးအတွက် လုပ်ဆောင်နေပြီဖြစ်ကြောင်း သိရသည်။
လက်ရှိ ဘဏ်အကောင့်အပိတ်ခံထားရသူများတွင် မြန်မာနိုင်ငံသားများအပြင် ထိုင်းနိုင်ငံသားများလည်း ပါဝင်လာသဖြင့် စိုးရိမ်မှုမြင့်တက်နေသလို ဝေဖန်မှုလည်းမြင့်တက်နေကြောင်း သုံးစွဲသူ မြန်မာနိုင်ငံသားများနှင့်ထိုင်းသတင်းများအရ သိရသည်။
အပိတ်ခံရမှုအများဆုံးဘဏ်မှာ Bangkok Bank (ဗန်ကောက် ဘဏ်) ဖြစ်ပြီး ထိုင်းနိုင်ငံထဲအလုပ်လုပ်နေသူများ (Non LA, Non O) နှင့် ကျောင်းတက်နေသူများလည်းပါဝင်နေပြီး ဗန်ကောက်ဘဏ် အပိတ်ခံရသူများတွင် ရွှေ့ပြောင်း မြန်မာအလုပ်သမားများလည်း ပါဝင်နေသဖြင့်ဘဏ်ထဲထားရှိသောငွေကြေးများ ဆုံးရှုံးသွားမည်ကိုလည်း စိုးရိမ်ကြောင်း မြန်မာအလုပ်သမားများထံမှ သိရသည်

image