ကောက်ညှင်းဘိန်းမုန့်လုပ်နည်း နှင့် ဘိန်းမုန့်လုပ်နည်း
🍲🍲🍲🍲🍲🍲🍲🍲🍲🍲🍲
လုပ်ရတာလွယ်ပီး ပါဝင်းပစွည်းတွေကလည်း ဝယ်ရတာ လွယ်လို့ အာလပ်ရက် အိမ်မှာ Home made လေးလုပ်စားကြည့်နော်
ဘိန်းမုန့် (၆ခုစာ)
------------------------------------
နေ့လည်စာ အစာပြေ ဘိန်းမုန့်လေးပါ။ ကောက်ညှင်းဘိန်းမုန့်၊ ဆန်ဘိန်းမုန့်၊ ဂျုံဘိန်းမုန့် အစုံရှိတဲ့ အထဲမှာ လုပ်စားဖြစ်တာကတော့ ဆန်ဘိန်းမုန့်ပါ။ ဒီတခါ ပိုမိုထူးခြားသွားအောင် မြေပဲအစား သီဟိုဌ်စေ့သုံးပေးထားတော့ ဘိန်းမုန့်က အရသာပိုစိမ့်ပြီ စားလို့ အရမ်းကောင်းပါတယ်ရှင့်။ ကဲဒါဆိုရင် အိမ်လုပ် ဘိန်းမုန့်ကို ခုပဲ လုပ်ကြည့်ရအောင်
------------------------------------
ပါ၀င်ပစ္စည်းများ.....
* ဆန်မှုန့် ၃ ခွက် (ကောက်ညှင်းမှုန့်)
* ရေ ၁ ခွက်ခွဲ
* ဆိုဒါ လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* yeast လက်ဖက်ရည်ဇွန်း ၁ ဇွန်း
* ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်
* ထောပတ် စားပွဲတင်ဇွန်း ၃ ဇွန်း
* သီဟိုဌ်စေ့ စားပွဲတင်ဇွန်း ၂ ဇွန်း (ထပ်ခြမ်းခြမ်းပေးပါ)
* ဘိန်းစေ့ စားပွဲတင်ဇွန်း ၁ ဇွန်း
* အုန်းနို့ တခြမ်း (အုန်းသီးများကို ၁လက်မအရှည် အရွယ် ပါးပါး လှီးထားပါ)
* ထန်းလျက် ၂၀၀ ဂရမ်
------------------------------------
ပြုလုပ်နည်း......
၁။ အရင်ဆုံး ဇောက်ခွက်တစ်ခုထဲတွင် ဆန်မှုန့်၊ ဆိုဒါ၊ yeast၊ ဆား တို့ကို သမအောင် ရောနုယ်လိုက်ပါ။
၂။ ပြီမှ ရေ(၁ခွက်ခွဲ) ထည့်ကာ သမအောင် ရောမွှေပေးပြီ ဆန်နှစ်ရည်ကို အနည်းဆုံး ၄နာရီ (သို့) တညသိပ် ထားပါ။
၃။ ဆန်နှစ်ရည် ၄ နာရီခန့် သိပ်ပြီလျှင် ထန်းလျက်ကြိုပါမည်။ ထန်းလျက် (၂၀၀ ဂရမ်) ကို ရေ (၃၀၀ မီလီလီတာ) ဖြင့် ညော်စေးသည်အထိ ကြိုပေးပါ။
၄။ ထန်းလျက်များ ညော်စေးလာပြီဆိုလျှင် မီးပိတ်ပြီ ဇကာဖြင့် ပြန်စစ်ပေးပါ။ (ထန်းလျက်တွင် အမှုန့်များပါတတ်၍ ဖြစ်သည်)
၅။ ပြီနောက် ထန်းလျက်များကို ဆန်နှစ်ရည်ဖြင့် သမအောင် ရောမွှေလိုက်ပါ။
၆။ ဘိန်းမုန့် စလုပ်ပါမည်။ ဒယ်ပူလာလျှင် ထောပတ် ထည့်ပြီ မုန့်နှစ်(ယောက်ချို) တဇွန်းကို လောင်းထည့်လိုက်ပါ။
ရ။ မုန့်နှစ်အပေါ်မှ အမြုပ်လေးများ ထလာလျှင် အုန်းသီး၊ ဘိန်းစေ့၊ သီဟိုဌ်စေ့ အပေါ်မှ ဖြူးပေးပါ။
၈။ဘိန်းမုန့် အောက်ဖက်အညှိရောင်သန်းလာလျှင် နောက်တဖက်သို့ လှန်ပေးပါ။ ထောပတ် ထပ်ထည့်ပေးပါ။
၉။ ဆန် ဘိန်းမုန့်ပူပူလေးကို အုန်းသီးများဖြူး၍ သုံးဆောင်လို့ရပါပြီ......😋
-----------------------
နောက်တစ်နည်း
ဘိန်းမုန့်လုပ်နည်း။ ၂ ပါ
ထောပတ်ကြက်ဥ ဘိန်းမုန့်ပူပူမွှေးမွှေးလေး
(အချပ် အကြီး ၃ ချပ်စာ)
ဘိန်းမုန့်လုပ်နည်း မေးထားတဲ့သူတွေအတွက် အရသာရှိရှိနဲ့ ချက်ချင်းလုပ်စားလို့ရတဲ့နည်းပါ။
ဘိန်းမုန့်ကို ဆန်နဲ့ ဂျုံနဲ့၂ မျိုး ၇ှိတဲ့အထဲက အိစံက ဆန်နဲ့လုပ်တဲ့ဘိန်းမုန့်ကိုပြုလုပ်ထားတာပါ။ ဘိန်းမုန့်ကို yeast နဲ့လုပ်တာ အချိန်ကြာတာမို့ yeast နဲ့မဟုတ်ပဲ စားဆော်ဒါနဲ့ ရှာလကာရည်ကို အသုံးပြုပြီး ဆန်ကိုအချဉ်ဖောက်ထားတာပါ။ ရှာလကာရည်နဲ့အချဉ်ဖောက်တဲ့နည်းကို တော့ နိုင်ငံခြားမုန့်တွေလုပ်တဲ့နည်းကရခဲ့တာပါ။ ချက်ချင်းလဲ လုပ်စားလို့ရပြီး ထောပတ်အနံ့လေးမွှေးမွှေးလေးနဲ့မို့အချိန်ကုန်သက်သာပြီး အ၇မ်းစားလို့ကောင်းတဲ့နည်းပါ။ လုပ်နည်းကလဲ လွယ်ကူလို့လုပ်စားကြည့်နော်။
ပါ၀င်သောပစ္စည်းများ
၁။ ဆန်မှုန့်- ၁ ခွက်
၂။ ကွကျဥ - ၁ လုံး
၃။ ထောပတ် - ထမင်းစားဇွန်း ၃ ဇွန်း
၄။ ညောင်စေးကျအောင်ကျိုထားသော ထန်းလျက်ရည် - ထမင်းစားဇွန်း ၄ ဇွန်း
၅။ ခပ်နွေးနွေးရေ - ထမင်းစားဇွန်း ၈ ဇွန်း (သို့) ခွက် တ ၀ကျ (အိစံကရေနွေးဓါတ်ဗူးထဲက ရေကို အပြင်မှာ ၃ မိနစ်လောက်ထားပြီး လက်နဲ့စမ်းကြည့်လို့လက်ကအပူခံနိုင်တဲ့အနေအထားရေနွေးကိုထည့်ပါတယ်။)
၆။ ရှာလကာရည် - ထမင်းစားဇွန်း ၂ ဇွန်း
၇။ ဆော်ဒါ (baking soda) - လက်ဖက်ရည်ဇွန်း တ ၀ကျ
၈။ ပါးပါးလှီးထားသော အုံးသီးဖတ် - အနည်းငယ်
၉။ အခွံချွတ်ထားသော မြေပဲလှော် - အနည်းငယ်
၁၀။ ဘိန်းစေ့ - အနည်းငယ်
၁၁။ ဆား - အနည်းငယ်
( ၁ ခွက် = 240ml = ၇ိုး၇ိုးကောျဖီခှကျ ၁ ခွက် = ထမင်းစားဇွန်း ၁၆ ဇွန်း)
( ထမင်းစားဇွန်း = 1 tablespoon = 15 ml)
(လက်ဖက်ရည်ဇွန်း = 1 teaspoon = 5 ml)
ပြုလုပ်နည်း
၁။ ကြက်ဥကို ခလောက်ထားပါ။ ဆန်မှုန့်၊ဆား နှင့် ဆော်ဒါ မှုန့်တို့ကို ဇလုံတခုထဲထည့်ရ်ျ သမအောင်လုပ်ပါ။
၂။ ဆန်မှုန့်ထဲကို ရှာလကာရည်ထည့်ရ်ျ သမအောင်နယ်ပါ။ (ရှာလကာရည်ကို အနှံ့ဆမ်းရ်ျ ထည့်ပါ။ မုန့်အချဉ်ပေါက်ရာမှာ အလွန်အသုံး၀င်ပါတယ်။)
၃။ ပြီးလျှင် ခပ်နွေးနွေးရေကို ထည့်ရ်ျ သမအောင်လုပ်ပါ။ ခလောက်စရာမလိုပါ။(မုန့်သားများ အချဉ်ပေါက်လာတဲ့ အမြှုပ်ကလေးများဖြစ်လာပါလိမ့်မည်။)
၄။ နောက်ဆုံးမှ ခလောက်ထားသော ကြက်ဥနှင့် ထန်းလျက်ရည်တို့ကိုထည့်ရ်ျ သမအောင်လုပ်ပါ။ မုန့်အနှစ်ရပါပြီ။
၅။ မကပ်တဲ့ ဒယ်အိုး အသေးဆုံးကို အသုံးပြုပါ။ ဒယ်အိုးထဲကို ထောပတ် ထမင်းစားဇွန်း ၁ ဇွန်း ထည့်ရ်ျ ထောပတ်ပူလာလျှင် မုန့်အနှစ်ကို ယောက်ချိုဇွန်း ဖြင့် ၁ ဇွန်း ခပ်ရ်ျ ထည့်ပါ။ မီးကို အေးအေးထားရ်ျ မုန့်ပြုလုပ်ပါ။ မုန့်အနှစ်အပေါ်ကို ဘိန်းစေ့ အ၇င်ဖြူး ၊ ပြီးလျှင် မြေပဲနှင့် အုံးသီးဖတ်ကို ဖြူးရ်ျ မုန့်အလည်မှာအပေါက်ကလေးတွေတော်တော်များများဖြစ်လာမှ အဖုံးကို ခန အုပ်ပါ။
၆။ ဘေးသားများ ကြွပ်လာပြီး အောက်ဖက် မုန့်သား ကျက်လျှင် နောက်တဖက်ကိုလှန်ရ်ျ ၁ မိနစ်ခန့်ထားပါ။
၇။ ထောပတ်အနံ့မွှေးမွှေးနဲ့အလွန်စားလို့ကောင်းတဲ့ဘိန်းမုန့်ပူပူလေးကို သုံးဆောင်နိုင်ပါပြီ။

image