20 w - Translate

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ကို မိသားစုက ပထမဆုံးအကြိမ် ထောင်ဝင်စာတွေ့
−−−−−−−−−−−−−−−−−−−−−−−−−−−−−
ထိုင်းတရားရုံးချုပ်က ထောင်ဒဏ် ၁ နှစ် ပြန်လည်ချမှတ်ခံထားရသည့် ဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ထံသို့ ၎င်း၏ မိသားစုက စက်တင်ဘာ ၁၅ ရက် နံနက်ပိုင်းတွင် မြို့တော်ဘန်ကောက်ရှိ ခလောင်ပရမ် ဗဟိုအကျဉ်းထောင်သို့ သွားရောက်တွေ့ဆုံခဲ့ကြသည်။
သက်ဆင်၏ သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်၊ ဇနီးဟောင်း ပေါ့ဂျမန်ဒါမာပွန်နှင့် သက်ဆင်၏ ဆွေမျိုးများသည် အကျဉ်းသားများအားတွေ့ဆုံခွင့် စည်းမျဉ်းများအတိုင်း သက်ကြီးရွယ်အို အကျဉ်းသားများထားရှိရာ အကျဉ်းသားဆေးရုံဆောင်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
သက်ဆင်၏ရှေ့နေ ဝင်ယတ် ချာ့တ်မွန်ထရီ က အကျဉ်းထောင်ပြင်ပတွင် ထားခွင့်ရရှိရန် တောင်းဆိုရမည့်အချိန် မဟုတ်သေးကြောင်းနှင့် အကျဉ်းဦးစီးဌာနက စည်းမျဉ်းစည်းကမ်းများအတိုင်း အမှုကို ဦးစွာသုံးသပ်ရမည်ဖြစ်ကြောင်း ပြောသည်။
ဝန်ကြီးချုပ်ဟောင်းတစ်ဦးဖြစ်သည့်အတွက် လုံခြုံရေးအစီအမံများ ချမှတ်ထားသော်လည်း သီးသန့်အခန်းမရှိဘဲ အကျဉ်းထောင်၏ ပုံမှန်စည်းမျဉ်းစည်းကမ်းများနှင့်အညီ လုပ်ဆောင်နေကြောင်းသိရသည်။
−−−−−−−−−−−−−−−−−−−−−−−−
သက်ဆင်၏ သမီးဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ပေထုန်တန်ရှင်နာဝပ်၊ ဇနီးဟောင်း ပေါ့ဂျမန်ဒါမာပွန်နှင့် သက်ဆင်၏ ဆွေမျိုးများသွားရောက် တွေ့ဆုံပုံနှင့် ထောင်ဒဏ်တစ်နှစ် ချမှတ်ခံရပြီးနောက် ဘန်ကောက်မြို့ရှိ တရားရုံးချုပ်အပြင်ဘက်တွင် ရဲကားပေါ်သို့တက်မယ့် သက်ဆင်ကို တွေ့ရပုံ။

image