4 ရက် - ဘာသာပြန်ပါ။

❝ရဲတပ်ဖွဲ့ဝင်အဖြစ် အယောင်ဆောင်ကာ ခြိမ်းခြောက်ငွေတောင်းယူနေသူ အမျိုးသားကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့❞

စက်တင်ဘာ ၁၅

ပဲခူးမြို့ပေါ်ရပ်ကွက်များအတွင်း ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ခြိမ်းခြောက် ငွေးကြေးတောင်းယူနေသည့် အမျိုးသားတစ်ဦးကို သက်သေခံပစ္စည်များနှင့်အတူ စက်တင်ဘာ(၁၄)ရက်၊ နေ့လည် ၄ နာရီခွဲအချိန်ခန့်က ပဲခူးမြို့ နန်းတော်ရာရပ်ကွက် သနပ္ပင်လမ်းမတန်း ဥက္ကံမီးပွိုင့်အနီးမှ ဖမ်းဆီးရမိခဲ့သည်ဟု ပဲခူးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ သိရသည်။

ဖမ်းဆီးရမိသူမှာ မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ စဉ့်ကူအုပ်စု၊ ကျွန်းမကြီးရွာတောင်ပိုင်းတွင် နေထိုင်သည့် လှထွေး(ခ)အလီယာမွတ် ဆိုသူဖြစ်သည်ဟု သိရပြီး ၎င်းထံမှ ၁၄ပဲရည် အလေးချိန် ၁ ပဲ ၃ ရွေးရှိ ရွှေလက်စွပ် ၁ ကွင်းနှင့် ၅၀၀၀ကျပ်တန် ငွေစက္ကူ ၁၂ရွက်တို့ကို တွေ့ရှိသဖြင့် မေးမြန်းရာ အဆိုပါရွှေထည်ပစ္စည်းနှင့် ငွေများမှာ ရဲတပ်ဖွဲ့ဝင်အယောင်ဆောင်ကာ ခြိမ်းခြောက်တောင်းယူရာမှ ရရှိခဲ့ခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟုဆိုသည်။

တရားခံ၏ ထွက်ဆိုချက်အရ ၎င်းအနေဖြင့် ပဲခူးဆေးရုံအနီးမီးပွိုင့်လမ်းဆုံတွင် ဝမ်းဘဲအင်းရွာမှ ဆေးကုရန်လာရောက်သည့် အမျိုးသမီး(၁)ဦး၏ အိတ်ကို တာဝန်အရစစ်ဆေးမည်ဟုဆိုကာ အိတ်အတွင်းနှိုက်၍ အသင့်ဆောင်ထားသော ၎င်း၏ ချဲဘောင်ချာစာရွက်များကိုပြသပြီး ရဲစခန်းသို့ လိုက်ခဲ့ရန် ပြောဆိုခဲ့ကြောင်း၊ ထို့နောက် ၎င်းအမျိုးသမီးကို ဆိုင်ကယ်ဖြင့် တင်ဆောင်လာခဲ့ပြီး ဆေးရုံအကျော် လမ်းအတွင်းသို့အရောက်တွင် အဆိုပါ အမျိုးသမီးထံမှ ငွေကျပ်(၆)သိန်း တောင်းယူခဲ့ကြောင်း ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။

ထို့နောက် ရန်ကုန်-မန္တလေးကားလမ်းဘေး မင်းသားကြီးလဘက်ရည်ဆိုင်အနီး လမ်းလျှောက်လာသော အသက်(၆၀)ကျော်ခန့် အမျိုးသာ(၁)ဦးကိုလည်း အထက်ပါနည်းလမ်းအတိုင်းပင် ပြုလုပ်ကာ ဆိုင်ကယ်ဖြင့်တင်ဆောင်လာခဲ့ပြီးနောက် ဆီဆိုင်အကျော်တွင် ငွေ(၆)သောင်းနှင့် လက်စွပ်တို့ကို တောင်းယူထွက်ခွာလာစဉ် ယခုကဲ့သို့ ဖမ်းဆီးခံခဲ့ရခြင်းလည်း ဖြစ်သည်။

ဆက်လက်စစ်ဆေးဖေါ်ထုတ်ချက်အရ ၎င်းသည် လွန်ခဲ့သော (၆)လခန့်ကလည်း သနပ်ပင်မြို့၊ ဆေးရုံအနီးတွင် စက်ဘီးစီးလာသော အသက်(၅ဝ)ကျော်ခန့် အမျိုးသား(၁)ဦးထံမှလည်း အထပ်ပါနည်း အတိုင်း ပြုလုပ်ကာ ငွေကျပ် ၁၇၀,၀၀၀ ရယူခဲ့ကြောင်း ထပ်မံပေါ်ပေါက်ခဲ့သဖြင့် ၎င်းကို ဥပဒေနှင့်အညီ အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

#centralnewsnaypyitaw

image