5 ပတ် - ဘာသာပြန်ပါ။

အသဲကွဲပုစဉ်းပျံဖတ်ပြီးနောက် လူညွှန်းများနေတဲ့ ဆရာရဲ့စာအုပ်လေး ကို ဖတ်ပြီး Review လေး ပြန်လည်ဝေမျှလိုက်ပါတယ် ။
စမ်းရေရပ်ကွက်လေးဟာ အခြေခံလူတန်းစားတွေ စုနေထိုင်ရာ တစ်အိမ်နဲ့တစ်အိမ်လူမှူရေးဖောက်ပြန်မှုတွေ ၊ဘယ်သူနဲ့ ရလို့ ရမှန်းမသိတဲ့ ကလေး ဘုစုခရုတွေ၊ မိုးလင်းတာနဲ့ ဘုရားတရားအသံ အစား ဆဲဆို အော်ဟစ်သံတွေနဲ့ စတင်တဲ့ ရပ်ကွပ်ပါ ။ ကျနော်ငယ်စဉ်က ခုလိုရပ်ကွက်နဲ့ မလှမ်းမကမ်းမှာ ကြီးပြင်းခဲ့ရတာမို့ အပြင်နဲ့ ထပ်တူလုံးဝ ကျနေတဲ့ စရိုက်ဆန်မှုတွေ ကို ကွက်ကွက်ကွင်းကွင်း ရသမြောက်အောင် ချပြနိုင်လို့ ဆရာ့ကို personally အကြိမ်ကြိမ်ချီးကျူးမိပါတယ် ။
စမ်းရေရပ်ကွက်ကကိုကြည်နုဟာ မိသားစုကို ဖခင် နေရာကတာဝန်အပြည့်နဲ့ ရရာအလုပ် လုပ် ၊နောက်ဆုံးမစွမ်းတော့သည့်တိုင်အောင် အရူးဟန်ဆောင် တောင်းရမ်းကျွေးခဲ့သူပါ ။
ဒီစာအုပ်မှာကိုကြည်နုရဲ့ဖခင် မေတ္တာကြီးမားပုံတွေ ၊မိန်းမအပေါ သည်းခံပုံတွေကိုတွေ့မြင်ရမှာပါ ။တစ်ကောင်ကြွက်ဘဝ ကလာတာမို့ ရလာတဲ့သား၊ သမီး အပေါမေတ္တာကြီးမားပုံ ၊သားသမီး တွေကို ဆုံးရှုံးရတဲ့အခါ အရူးဟန်ဆောင်ရင်း တကယ် ရူးသွား မလား??? စာအုပ်တစ်အုပ်လုံးလိုလို သနားဂရုဏာသက်ဖွယ် ဖတ်ရှုရမှာပါ။
“ဘဝတွေကွာ”လို့ စိတ်ကရေရွတ်ရင်း သက်ပြင်းအကြိမ်ကြိမ်ချ ပြီး ဖတ်ခဲ့ရတဲ့စာအုပ်တစ်အုပ်ပါ။
အခြေခံလူတန်းစားတွေရဲ့ ဘဝနေထိုင်ပုံတွေ နဲ့လူနေမှုအဆင့်အတန်း ကို လေ့လာလို့ရမဲ့ စာအုပ်တစ်ကောင်းတစ်အုပ်လို့ညွှန်းရင်း နိဂုံးချုပ်ပါတယ်။😍😍😍
#လင်းခါး

image