4 ရက် - ဘာသာပြန်ပါ။

အမေရိကန်-မက္ကဆီကို နယ်စပ်မှာရှိတဲ့ Los Algodones မြို့ကို ‘မိုလာစီးတီး’ (Molar City) လို့ လူသိများပါတယ် ဘာကြောင့်လဲဆိုတော့ ဒီမြို့လေးမှာ သွားနှင့်ခံတွင်းဆိုင်ရာ ကုသစရိတ်တွေဟာ အလွန်သက်သာပြီး တစ်ခြားနေရာမှာ ဒေါ်လာ ထောင်နဲ့ချီကုန်ကျတဲ့ ကုသစရိတ်တွေဟာ ဒီမြို့လေးမှာ ဒေါ်လာရာဂဏန်း လောက်သာ ကုန်ကျပါတယ်
ဒါကြောင့် နှစ်စဉ် ထောင်နဲ့ချီတဲ့ သွားဝေဒနာရှင်တွေကို ဆွဲဆောင်လျက်ရှိနေပါတယ်
ဒီမြို့လေးမှာ လမ်းမကြီးလေးခုဘဲ ရှိပြီး အဲဒီလမ်းမတွေပေါ်မှာ သွားဆရာဝန် ရာနဲ့ချီရှိတဲ့ ဆေးခန်းတွေဟာ အစီအရီနဲ့ တည်ရှိနေပါတယ်
တကယ်တမ်း ဒီမြို့မှာ နေထိုင်သူဦးရေဟာ ၅,၀၀၀ ဝန်းကျင်သာ ရှိပေမဲ့ သွားဘက်ဆိုင်ရာ ဆေးခန်းပေါင်း ၃၀၀ ကျော်နဲ့ သွားဆရာဝန် ၆၀၀ နီးပါး ရှိနေတာဟာ အံ့အားသင့်စရာတစ်ခုဖြစ်ပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts

image