မန္တလေးတွင် မိုးသည်းထန် ရေကြီး
မန္တလေးမြို့ပေါ်မှာ မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် စက်တင်ဘာ ၁၄ ရက်က ရုတ်တရက် ရေကြီးရေလျှံပြီး လမ်းပေါ်မှာ ယာဉ်အသွားအလာတွေ ပိတ်မိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“မနေ့ကလည်း ညလုံးပေါက်ရွာတာ။ အခု (မနက်) လည်း ရွာနေတယ်။ ရေတွေကလည်း ထပ်တိုးနေတယ်။ အန္တရာယ်ရှိလောက်တဲ့ အခြေအနေမဖြစ်ဖို့ ဆုတောင်းနေရတယ်။ တချို့နေရာတွေဆို ရေက ၄ ပေ ၅ ပေလောက်ကို တက်ဖြစ်တော့”
#မန္တလေး #မိုးသည်းထန် #ရေကြီးရေလျှံ



