🥚 ကြက်ဥအခွံကို ရေစိမ်ပြီး အပင်တွေကို ပန်းပွင့်များများပွင့်စေကာ အသီးများများသီးစေရန် ပြုလုပ်နည်း 🥚
💡 လိုအပ်သောပစ္စည်းများ.....
* ကြက်ဥအခွံ
* ဆန်ဆေးရည်
* ရှာလကာရည်
👉 ကြက်ဥအခွံ အရည်ဖျော်နည်း
* ကြက်ဥအခွံများကို ဆေးကြောပြီး နေပူလှန်းကာ သေချာ
ခြောက်သွေ့အောင် ပြုလုပ်ပါ။ ထို့နောက် ကြိတ်စက်ဖြင့်
သော်လည်းကောင်း၊ ထောင်း၍သော်လည်းကောင်း
အကြမ်းကြိတ်ထားပါ။
* ဆန်ဆေးရည် (ထမင်းချက်မည့်ဆန် သို့မဟုတ် ကောက်
ညှင်းဆန်လည်း ရသည်) ကို ပုလင်းထဲသို့ ထည့်ပြီး ရှာလ
ကာရည် စားပွဲတင်ဇွန်း ၁ ဇွန်း ထည့်ပါ။ ထို့နောက် ကြိတ်
ထားသော ကြက်ဥအခွံများကို ထည့်ပါ။
* ပုလင်းကို ပိတ်ပြီး ၈ ရက်မှ ၁၀ ရက်ခန့် စိမ်ထားပါ။
* အရည်ဖျော်ပြီးသား ကြက်ဥအခွံအရည် စားပွဲတင်ဇွန်း
၃ ဇွန်းကို ရေ ၅ လီတာဖြင့် ရောပါ။ ထို့နောက် အပင်ရင်း
ကို လောင်းပေးခြင်း သို့မဟုတ် အပင်တစ်ခုလုံးကို
ဖြန်းပေးခြင်း ပြုလုပ်ပါ။ ကြက်ဥအခွံ အဖတ်များကိုမူ
အပင်ရင်းတစ်ဝိုက်တွင် ဖြူးပေးနိုင်ပါသည်။
🎯 ဒီနည်းလမ်းက ဘာကြောင့် ကောင်းသလဲ...?
ကြက်ဥအခွံမှာ ကယ်လ်စီယမ်ဓာတ် အလွန်ကြွယ်ဝပါတယ်။ ကယ်လ်စီယမ်ဓာတ်က အပင်တွေကို သန်စွမ်းစေပြီး ပန်းများများပွင့်ကာ အသီးများများသီးစေပါတယ်။ ဒါ့အပြင် အပင်ရောဂါတွေကိုလည်း ကာကွယ်ပေးပါတယ်။ သစ်သီးပင်တွေမှာ အသီးများများ သီးလာအောင် လှုံ့ဆော်ပေးသလို အရွက်စားရတဲ့ ဟင်းသီးဟင်းရွက်တွေကိုလည်း စိမ်းစိုပြီး ကြွပ်ဆတ်စေပါတယ်။
