❝ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ် (၁၂၁) နယ်ကို UEC ကြေညာ❞
စက်တင်ဘာ ၁၅
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် စတင်ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ၌ လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲကျင်းပရန် အခြေအနေမရှိသည့် မဲဆန္ဒနယ်စုစုပေါင်း (၁၂၁) နယ်၏ အမည်စာရင်းများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)က ကြေညာချက်အမှတ် (၁၀၃/၂၀၂၅) ဖြင့် စက်တင်ဘာလ ၁၄ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။
အဆိုပါ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသည့် မဲဆန္ဒနယ် (၁၂၁) နယ်ထဲတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်၊ အမျိုးသားလွှတ်တော် မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၉) နယ်နှင့် တိုင်းဒေသကြီးလွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော်မဲအများဆုံးရသူအနိုင်ယူစနစ် (FPTP) မဲဆန္ဒနယ် (၅၆) နယ်တို့ ပါဝင်သည်ကို တွေ့ရသည်။
ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် (၅၆) နယ်ထဲတွင် ရှမ်းပြည်နယ်က (၁၇) မြို့နယ်အထိ ပါဝင်နေသလို စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့က (၁၀) မြို့နယ်စီ ပါဝင်ခဲ့ပြီး အသေးစိတ်အချက်အလက်များကို အထက်ပါ ထုတ်ပြန်ချက်တွင် ကြည့်ရှုနိုင်ပါသည်။
#centralnewsnaypyitaw

