1 ရက် - ဘာသာပြန်ပါ။

🙏မြတ်စွာဘုရားရှင် ပွင့်တော်မူရာ မြတ်သောဌာနေ ဗုဒ္ဓဂါယာ(ဗုဒ္ဓဂယာ)🙏
ကမ္ဘာပေါ်၌ အယူဝါဒ အမျိုးမျိုးရှိကြရာ မိမိတို့ အယူဝါဒဆိုင်ရာ မင်္ဂလာရှိသော မြေမြတ်ဟု တနေရာရာကို ရိုသေမြတ်နိုးစွာ သတ်မှတ်ပိုင်းခြားကြစမြဲ ဖြစ်သည်။ ဗုဒ္ဓဝါဒီတို့သည်လည်း သဗ္ဗညုဘုရားရှင်နှင့် စပ်လျဉ်း၍ ထူးမြတ်သော မင်္ဂလာအောင်မြေ အရပ်များကို သတ်မှတ်ထားလေသည်။
ထိုအောင်မြေအရပ်များတွင်
🙏ဂေါတမဘုရား အလောင်းတော် ဖွားမြင်ရာ လုမ္ဗိနိဥယျာဉ်၊
🙏သဗ္ဗညုတဉာဏ်တော် ရရှိတော်မူရာ မဟာဗောဓိ အောင်မြေ၊
🙏ဓမ္မစကြာ တရားဦး ဟောတော်မူရာ မိဂဒါဝုန်တော၊
🙏ပရိနိဗ္ဗာန် စံတော်မူရာ ကုသိနာရုံ အင်ကြင်းတော စသည့် သံဝေဇနိယ လေးဌာန ပါဝင်သည်။
အဆိုပါ လေးဌာနကို ဘုရားဖူး လာသူအပေါင်းတို့အား ဓမ္မသံဝေဂ ဖြစ်စေကာ နတ်ရွာသုဂတိသို့ လားရောက်စေတတ်သော ဌာနထူး ဌာနမြတ်များ ဖြစ်ကြသည်ဟု ဆိုသည်။
တဖန် ယင်းဌာန လေးခုအနက် မဟာဗောဓိ အောင်မြေအရပ်သည် အထူးမြတ် အလွန်ကဲဆုံး ဖြစ်သည်။ ကမ္ဘာဦးအခါ နိမိတ်ပြ ကြာရုံကြီးများသည် မဟာဗောဓိပင် နေရာမှပေါက်၍ မြေပြင်ပေါ်ထွန်းရာတွင်လည်း ဦးစွာပေါ်ထွန်းပြီးလျှင် ကမ္ဘာပျက်ရာ၌လည်း နောက်ဆုံးမှ ပျက်သည်ဟု ကျမ်းဂန်များ၌ ပါရှိသည်။
ထို့အပြင် ဗောဓိပင်နှင့် ပလ္လင်တော်နေရာသည် ပွင့်လေသော ဘုရားရှင်တိုင်း မစွန့်အပ်သော သို့မဟုတ် လွှဲပြောင်းခြင်း မရှိသော အဝိဇဟိတဌာန လေးပါးတွင် တစ်ပါးအပါအဝင် ဖြစ်သည်။
ယင်းကဲ့သို့သော ဗုဒ္ဓဘာသာဝင်တို့အဖို့ လွန်ကဲထူးမြတ်သော မဟာဗောဓိအောင်မြေ သို့မဟုတ် ဗောဓိပလ္လင်နှင့် ရွှေပလ္လင်တို့ တည်ရှိခဲ့သော နေရာဒေသ ပတ်ဝန်းကျင်တဝိုက်ကို ဗုဒ္ဓဂါယာ(ဗုဒ္ဓဂယာ)ဟု ခေါ်သည်။
ဘုရားရှင်သည် ဘုရားအဖြစ်ကို ရတော်မူပြီးနောက်တွင် ထိုဒေသတဝိုက်ရှိ ဌာနခုနစ်ဌာနတွင် တစ်ဌာနလျှင် ခုနစ်ရက်စီ သတ္တသတ္တာဟ စံတော်မူခဲ့သည်။ ထိုဌာနတို့သည် ဗုဒ္ဓဂါယာ၌ အဓိကဖူးမြော်ဖွယ်ရာများတွင် ပါဝင်ကြသည်။
အဓိကဌာနများအပြင် အလောင်းတော် ဆံတော်ပယ်ရာ အနော်မာ သောင်ကမ်းနေရာ၊ ဒုက္ကရစရိယ ၆ နှစ်ကျင့်ရာ ဥရုဝေဋ္ဌတောတန်း၊ သူဌေးသမီး သုဇာတာ ဃနာနို့ဆွမ်း ချက်ရာဌာန၊ ဃနာနို့ဆွမ်းကို ဘုရားရှင် ဘုဉ်းပေးရာဌာန၊ နို့ဆွမ်းထည့်သော ရွှေခွက်ကို အဓိဋ္ဌာန်ဖြင့် မျှောရာဖြစ်သော နေရဉ္စရာမြစ် စသည်တို့ကိုလည်း အနီးပတ်ဝန်းကျင် တဝိုက်၌ လှည့်လည် ဖူးမြော်နိုင်ပါသည်။ 🌿🙏
🌲အိန္ဒိယနိုင်ငံ ဗီဟားပြည်နယ် ဂါယာခရိုင်ထဲတွင် တည်ရှိသော မြတ်စွာဘုရားရှင် ပွင့်တော်မူရာ ဗုဒ္ဓဂါယာမှ 'မဟာ‌ဗောဓိစေတီတော်' ပုံစံငယ်အား ရည်မှန်းဖူးမျှော်ချင်တယ်ဆိုရင်တော့ 'မင်္ဂလာဗုဒ္ဓ' မှာ မှာယူ ပူဇော်နိုင်ပါပြီ ။
#မင်္ဂလာဗုဒ္ဓ
#ဗုဒ္ဓဂါယာ#မဟာဗောဓိစေတီတော်

image