4 ရက် - ဘာသာပြန်ပါ။

🗻ရာသီဥတု၏ စိုးရိမ်ဖွယ်ရာ အပြောင်းအလဲများ ( ဟိမဝန္တာကို ကျော်လွန်သွားသည့် မုတ်သုံလေနှင့် ဒေသတွင်းသက်ရောက်နိုင်ချေ)
မကြာသေးမီက ဖြစ်ပေါ်ခဲ့သည့် ရာသီဥတုဖြစ်စဉ်
များသည် သမိုင်းတွင် မကြုံစဖူး ထူးခြားသည့်
အခြေအနေများ ဖြစ်နိုင်ကြောင်း သိပ္ပံပညာရှင်များ
က သုံးသပ်နေကြသည်။ ဤဖြစ်စဉ်များသည်
သီးခြားစီဖြစ်နေခြင်းလား သို့မဟုတ် ကမ္ဘာ့ရာသီ
ဥတုအခြေနေတခုလုံး၏ အခြေခံအုတ်မြစ်များ
စတင်ပြောင်းလဲလာခြင်း၏ လက္ခဏာရပ်များလားဆိုသည်ကို သုံးသပ်တင်ပြလိုက်ပါသည်။
🔵 ရာသီဥတု၏ အခြေခံစနစ်များ ပြောင်းလဲ
လာခြင်း
မကြာသေးမီက ဂြိုဟ်တုပုံရိပ်များမှတဆင့် တွေ့ရှိ
ရသည့် အံ့အားသင့်ဖွယ်ရာ အခြေအနေတခုမှာ
အနောက်တောင်မုတ်သုံလေနှင့် မိုးရေငွေ့များသည်
ဟိမဝန္တာတောင်တန်းကြီးကို ကျော်ဖြတ်ပြီး တိဗက်
ကုန်းပြင်မြင့်သို့ ရောက်ရှိသွားခြင်း ဖြစ်သည်။
ပုံမှန်အခြေအနေများတွင် ဟိမဝန္တာတောင်တန်း
သည် မုတ်သုံလေကို ပိတ်ဆို့ထားသော သဘာဝအတားအဆီးတခုဖြစ်ပြီး အိန္ဒိယတိုက်ငယ်တွင်
မိုးရွာသွန်းစေပြီး တိဗက်ကုန်းပြင်မြင့်ကို ခြောက်
သွေ့နေစေသော အခြေခံကျသည့် သဘောတရား
တခုဖြစ်သည်။
သို့သော် ယခုဖြစ်စဉ်သည် ထိုအခြေခံသဘာ၀ကို ချိုးဖောက်လိုက်ခြင်းဖြစ်ပြီး ကမ္ဘာကြီးပူနွေးလာ
မှုကြောင့် ရာသီဥတုစနစ်များ အကြီးအကျယ်
ပြောင်းလဲနေပြီဆိုသည့် အရေးကြီးသော သက်သေတခု ဖြစ်သည်ဟု ပညာရှင်များက သုံးသပ်ကြ
သည်။
🔵ဒီဖြစ်စဥ် အဓိက အကြောင်းအရင်းများ ~
La Niña နှင့် Negative IOD တို့၏ ပေါင်းစပ်သက်ရောက်မှု
ဤသို့ ထူးခြားသည့်ဖြစ်စဉ်များ ဖြစ်ပေါ်နေရခြင်း၏
နောက်ကွယ်တွင် ပင်လယ်ရေထုနှင့် လေထုတို့၏ ပုံ
မှန်မဟုတ်သည့် အပြန်အလှန်သက်ရောက်မှုများ ရှိ
နေသည်။
• လက်ရှိတွင် ပစိဖိတ်သမုဒ္ဒရာ လာနီညာ(La Niña )
ဖြစ်ပေါ်နေပြီး အိန္ဒိယသမုဒ္ဒရာ၌လည်း ပြင်းထန်
သည့် Negative IOD ဖြစ်စဉ် (အညွှန်းကိန်း -1.04)
ဖြစ်ပေါ်နေသည်။ ဤဖြစ်စဉ်နှစ်ခု ပေါင်းစပ်လိုက်
သောအခါ ဒေသတွင်းရှိ မုတ်သုံလေကို ပုံမှန်ထက်
ပိုမို အားကောင်းစေသောအကြောင်းဖြစ်သည့် လေဖိ
အားနည်းရပ်၀န်းများ၊ မုန်တိုင်းငယ်များ၊ မုန်းတိုင်း
များဖြစ်ပေါ်စေပြီး အရှေ့တောင်အာရှဒေသများနှင့် တောင်အာရှဒေသတစ်ခုလုံးတွင် မိုးသည်းထန်စွာရွာသွန်းစေရန် တွန်းအားပေးနေသည်။
• မုတ်သုံရာသီကာလအတွင်း ဖြစ်ပေါ်နေသော မုန်တိုင်းများ နှင့် လေဖိအားနည်းရပ်၀န်းများသည် မြန်မာနိုင်ငံအပါအ၀င် ဒေသတွင်းသို့ တိုက်ရိုက်
မဝင်ရောက်သော်လည်း မုတ်သုံလေ၏ အားကို
ပိုမိုမြှင့်တင်ပေးလိုက်သည့်အတွက် မိုးရေချိန်
ပမာဏကို သိသိသာသာ မြင့်တက်လာစေခဲ့သည်။
🔵 မြန်မာနိုင်ငံအပါအဝင် ဒေသတွင်းအပေါ် သက်ရောက်နိုင်ချေများ
အထက်ပါ ထူးခြားသည့် ဖြစ်စဉ်များနှင့် ပြောင်းလဲ
လာသော ရာသီဥတုအခြေအနေတို့ကြောင့် မြန်မာ၊ အိန္ဒိယ၊ ထိုင်းနှင့် အခြားဒေသများတွင် အောက်ပါကဲ့သို့သော သက်ရောက်မှုများ ဖြစ်ပေါ်နေပြီး ဆက်လက်ဖြစ်ပေါ်လာနိုင်သည်။
• မုတ်သုံလေ အဆုတ်သည် ပုံမှန်ထက် ပိုနောက်
​ကျပြီး လာမည့်ရက်သတ္တပတ်များအတွင်း မိုး
ဆက်လက် ရွာသွန်းနိုင်သည်။
• ရုတ်တရက် ရေကြီးခြင်း၊ မြစ်ရေလျှံခြင်းနှင့်
မြေပြိုမှုများအတွက် အထူးသတိပြုရန် လိုအပ်
သည်။
• ကမ္ဘာကြီးပူနွေးမှုကြောင့် ကချင်ပြည်နယ်နှင့်
ဆက်စပ် ဟိမဝန္တာရှိ ရေခဲတောင်များ လျင်မြန်စွာ
အရည်ပျော်မှုသည် ရေတိုအနေဖြင့် မိုးများနေချိန်
ရေကြီးရေလျှံမှုများကို ပိုမိုဆိုးရွားစေပြီး၊ ရေရှည်
တွင်မူ မြစ်ရေများ လျော့ကျကာ ဒေသတွင်း၌ ရေ
ချိုရှားပါးမှုပြဿနာများ ပေါ်ပေါက်လာနိုင်သည်။
ယခုဖြစ်စဉ်များက ရာသီဥတုပြောင်းလဲမှုသည် ခန့်မှန်းရလွယ်ကူသည့် သမားရိုးကျဖြစ်စဉ်များမဟုတ်တော့ဘဲ၊ အလွန်ရှုပ်ထွေးပြီး သဘာဝအတိုင်း ပုံမှန်ဖြစ်လေ့ရှိသည့် စည်းမျဉ်းများကိုပါ စတင်ပြောင်းလဲလာပြီဖြစ်ကြောင်း ထင်ရှားစွာပြသနေသည်။ ဤအချက်များကို သဘောပေါက်နားလည်ခြင်းသည် နောင်လာမည့် သက်ရောက်မှုများအတွက် ကြိုတင်ပြင်ဆင်ရာတွင် အလွန်အရေးကြီးပါကြောင်း ဗဟုသုတအဖြစ် တင်ပြအပ်ပါသည်။

image