၁၃ နာရီ
·
🍲တုန်ယမ်းချဉ်စပ် 🍲
ချဉ်တွင်းပျက်နေတာနဲ့ လွယ်လွယ်ကူကူ တုံယမ်းချဉ်စပ်ကို ready made အနှစ်နဲ့ လုပ်သောက်ဖြစ်ပါတယ်
တုန်ယမ်းချဉ်စပ်ဟင်းချိုလုပ်နည်း
🍲readymade 100%chicken broth
🍲ပင်လယ်စာ အနည်းငယ်
🍲readymade တုန်ယမ်းအနှစ်
🍲သံပုရာရည်
🍲မှို
🍲အုန်းနို့အနည်းငယ်
🍲ငရုတ်သီး
Chicken broth နဲ့ ရေကို ရောထည့်ပီး တည်ထားပါ ပွက်လာရင် ကြက်သွန်ဖြူ နဲ့ စပါးလင် ဓါးပြားရိုက်ထည့်ပါ
တုန်ယမ်းအနှစ်ထည့် ငံပြာရည်ထည့် ပင်လယ်စာ နဲ့ မှိုတို့ကို ထည့်ပါ
ပြီးလျှင် သံပုရာရည် နဲ့ အုန်းနို့ ၂ဇွန်းလောက်ထည့်ပါ (မကြိုက်ရင်လည်း အုန်းနို့မထည့်ပါနဲ့)
အနံ့လေးမွှေးပီး အရသာလည်း ကောင်းနေပီဆို ငရုတ်သီးလေးထည့် နံနံပင်လေး ခပ်ပီး စားလို့ရပါပီ။
