4 d - Translate

➡️ တိလေးတွေမှာအကြောင်းအရာတစ်ခုခုကြောင့် ဒဏ်ရာအစုတ်အပြဲကြီကြီးးမားမားတစ်ခု ရရှိခဲ့မယ်ဆိုရင် ဒီ ၄ ချက်ကို အရင်လုပ်ပေးပါ။
✅ ပထမဆုံး ‌သွေးထွက်တာ ပိုဆိုးမလာအောင် လှုပ်ရှားမှုနည်းနိုင်သမျှ နည်းအောင်ထိန်းထားပါ။
✅ သွေးထွက်လွန်ခြင်းကနေ ကာကွယ်ဖို့ ၃မိနစ်ကနေ ၅မိနစ်ထိ အဝတ်စားထူထူထဲထဲဖြင့် ဒါဏ်ရာပေါ်တိုက်ရိုက်ဖိထားပေးပါ။
✅ ဒါဏ်ရာကို အနည်းငယ်နွေးသော ရေနဲ့ ညင်သာစွာဆေးကြောသန့်စင်ပေးပါ။ အရက်ပြန်လိုမျိုး ပြင်းထန်တဲ့ပိုးသတ်ဆေးတွေတော့ ချက်ချင်းမသုံးတာကောင်းပါတယ်။
✅ ဒါဏ်ရာဆေးကြောပြီးပါက ညစ်ပေမှုမရှိစေရန်နဲ့ သွေးအများအပြားထွက်ခြင်းကို ကာကွယ်ဖို့ သေချာပတ်တီးစည်းပေးပါ။
ပြီးရင်တော့ တိကုဆရာ၀န်နဲ့ သေချာစွာပြသပေးပါ။
📌 အပေါ်ကအချက်တွေ လုပ်ဆောင်တဲ့အခါ တိကို ကိုင်တွယ်ထိန်းထားပေးနိုင်မယ့် အကူတစ်ယောက်လိုပါတယ်။ မဟုတ်ရင် တိလေးကနာကျင်မှုကြောင့် ကိုက်တာ၊ ခဲတာမျိုး လုပ်နိုင်ပါတယ်။

image