ကန်စွန်းရိုးနီပြုတ်ရည် - ငွေကုန်သက်သာ ခန္ဓာကိုယ် အတွက် အကျိုးများစေတာ မသိကြတဲ့သူတွေများလို့ မျှဝေပေးချင်ပါတယ်......
သွေးသားသန့် ကိုယ်တွင်းအပူကင်း အသားအရည်ပါကြည်လင် လာစေတာပါ။ ကျားမ မရွေး သောက်လို့ရပါတယ်။
တပတ်အနည်းဆုံး ၂ ရက် ၃ ရက် လောက်သောက်ပေးသင့်ပါတယ်... နေ့တိုင်းသောက်နိုင်ရင်တော့ ပိုကောင်းတယ်။
ကန်စွန်းရိုးနီကို ဆားရည်နဲ့ သေချာဆေး မန်ကျည်းသီး ဆား အနည်းငယ် ထန်းလျက်ထည့်လည်းရတယ်နော်... အနည်းဆုံး ၂ စီးလောက်ပြုတ်တယ်။ နောက်နေ့အတွက်ပါသောက်လို့ရအောင်
ရေမြုပ်အောင်ထည့် ဆူလာရင် ကန်စွန်းရိုးနီတွေ တဖက်ကို လှန်ပေး အနည်းဆုံး မိနစ် ၂၀ လောက်တည်တယ်။ မနက် တခွက် အိပ်ခါနီး အစာနဲ့ဝေးချိန် တခွက်သောက်ပေးပါ။
ကျန်ခဲ့တဲ့ ကန်စွန်းနီတွေ အလကားမဖြစ် ငပိရည်နဲ့ တို့စား ထမင်းမြိန်ချက်ပဲ 😊
ကန်ဇွန်းရိုးနီ၏ အကျိုးအာနိသင်များ.......
ခန္ဓာကိုယ် ခုခံအားကို ဖြစ်ထွန်းစေခြင်း။ ခန္ဓာကိုယ်အတွင်း အဆိပ်အတောက်များကို ဖယ်ရှားပေးခြင်း။ သွေးသားကို သန့်စင်စေခြင်းနှင့် မီးယပ်သွေးဆုံးဝေဒနာများကို သက်သာပျောက်ကင်းစေခြင်း။ ဆီးပူခြင်းနှင့် ဆီးကျော'က်တည်ခြင်းများကို သက်သာပျောက်ကင်းစေခြင်း။ ခန္ဓာကိုယ်အတွက် လိုအပ်သော သံဓာတ်ကိုဖြည့်တင်းပေးခြင်း။
