မန္တလေးမြို့မှာ မိုးများပြီး ရေကြီးနေ

စက်တင်ဘာ ၁၄

မန္တလေးမြို့မှာ စက်တင်ဘာ ၁၃ ရက်ညပိုင်းကနေ ဒီနေ့ နေ့လယ်ပိုင်းအထိ မိုးသည်းသည်းထန်ထန် ရွာတာကြောင့် မြို့တွင်း ရပ်ကွက်အချို့မှာ ရေကြီးရေလျှံတွေ ဖြစ်နေတယ်လို့ မန္တလေးမြို့ခံက ပြောပါတယ်။

မန္တလေးမြို့ထဲက ၃၀ နဲ့ ၃၅ လမ်း ကနေ ၆၆ လမ်းအထိ၊ ၂၉ လမ်း မှာရှိတဲ့ အောင်တော်မူ ဘုရားဝန်းထဲမှာလည်း ရေကြီးနေတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် အောင်တော်မူဘုရား ဖူးခွင့်လည်း ယာယီပိတ်ထားပါတယ်။

#centralnewsnaypyitaw

image
image
image