4 နာရီ - ဘာသာပြန်ပါ။

သေနတ်အတုနဲ့ ရွှေဆိုင်က ဆွဲကြိုးလုပြေး သူကို ဖမ်းမိ

စက်တင်ဘာ ၁၄

ဒလန်ခေါင်းစဥ်နဲ့ လုပ်ကြံခံခဲ့ရတဲ့ ပအိုဝ့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဝင်ရဲ့ဆိုင်ကိုဝင်ရောက်ကာ ဆွဲကြိုးလုထွက်ပြေးသူတစ်ဦး ဒေသခံတွေက ဝိုင်းဝန်းဖမ်းဆီးခဲ့ကြတယ်လို့ သိရပါတယ်။

"ဓားပြတိုက်တာလဲမဟုတ်ဘူးဗျ။ သူကဆွဲကြိုးတစ်ကိုလက်ညိုးထိုးပြီးခဏလောက်ပြပါလားဆိုပြီး လုပြေးတာ ဝိုင်းဖမ်းလို့မိတာ။ ခုသက်ဆိုင်ရာကိုအပ်ထားတယ်"လို့ နီးစပ်တဲ့အသိုင်းအဝိုင်းက PAN ကိုပြောပါတယ်။

လုယက်ခံရတဲ့ရွှေဆိုင်ဟာ ရှမ်းပြည်တောင်ပိုင်း၊ ဓနုဒေသ၊ ပင်းတယမြို့ စျေးတန်းရပ်ကွက်မှာရှိတဲ့ KNရွှေဆိုင်ဖြစ်ပြီး စက်တင်ဘာ ၁၃ရက်နေ့ကဖြစ်တယ်လို့ သိရပါတယ်။

ရွှေဆိုင်ပိုင်ရှင်ကတော့ ကိုကျော်ငြိမ်း၊ မခင်မျိုးသင်းတို့ဖြစ်ပြီး ကိုကျော်ငြိမ်းကတော့ ၂၀၂၂ခုနှစ်၊ ဇွန်လ ၁၈ရက်က ဒလန်လို့ စွပ်စွဲခံရကာ သူ့ရဲ့ ကိုယ်ပိုင်ကျောင်းဝန်းအတွင်း ပစ်ခတ်ရှင်းလင်းခြင်းခံခဲ့ရတာဖြသ်တယ်လို့ သိရပါတယ်။

#centralnewsnaypyitaw

imageimage