5 နာရီ - ဘာသာပြန်ပါ။

အီလွန်မတ်ကိုကျော်ပြီး ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်လာသော လာရီအီလီဆန်

စက်တင်ဘာ ၁၄

အမေရိကန်နည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Oracle ပူးတွဲတည်ထောင်သူ လာရီအီလီဆန်သည် ကမ္ဘာ့ အချမ်း သာဆုံးပုဂ္ဂိုလ်ဖြစ်လာခဲ့ကြောင်း သိရသည်။

အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော ဘလွန်းဘတ်သည် ကမ္ဘာ့အချမ်း သာဆုံးစာရင်းကို ပြီးခဲ့သောရက်ပိုင်းကထုတ်ပြန်ခဲ့ရာ အသက်(၈၁)နှစ်အရွယ်ရှိ လာရီ အီလီဆန်က အမေရိကန်ဒေါ် လာ (၃၉၃) ဘီလျံဖြင့် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် သတ်မှတ်ခံရခြင်းဖြစ်သည်။

၎င်းသည် ကမ္ဘာ့အချမ်း သာဆုံး ပုဂ္ဂိုလ်အဖြစ် လအတန်ကြာ သတ်မှတ်ခံ ခဲ့ရသော Tesla စီးပွားရေးလုပ်ငန်းစု ပိုင်ရှင် အီလွန် မတ်ထက် ပိုမိုကြွယ်ဝ ချမ်းသာသူဖြစ်လာခဲ့ကြောင်းသိရသည်။

Oracle စီးပွားရေးလုပ်ငန်းစုသည် AI နည်းပညာပြိုင်ပွဲတွင် အမှာစာအများအပြား လက်ခံ ရရှိခဲ့ပြီးနောက် အမေရိကန်ဒေါ်လာ ဘီလျံချီ ဝင်ငွေထပ်မံရရှိခဲ့ခြင်းကြောင့် ကမ္ဘာ့အချမ်းသာဆုံး ဖြစ်လာခြင်းဖြစ်သည်။

လာရီအီလီ ဆန်၏ ကြွယ်ဝမှုမြင့်တက်နေချိန်တွင် အီလွန်မတ်၏ Tesla ကုမ္ပဏီရှယ်ယာများက ယခုနှစ်အတွင်းတွင် (၁၃) ရာခိုင် နှုန်းအထိ ကျဆင်းခဲ့ကြောင်းသိရသည်။ Oracle ကုမ္ပဏီကို ပူးတွဲတည်ထောင်သူ လာရီ အီလီဆန်သည်တစ်ရက် တည်းနှင့် ကြွယ်ဝမှုဒေါ်လာ (၁၀၁)ဘီလျံတိုးတက်လာပြီးနောက် နာမည်ကျော် အီလွန်မတ်၏ တစ်နှစ်နီးပါးကြာ စိုးမိုးခဲသည့် ‘ကမ္ဘာ့ အချမ်းသာဆုံး’ နေရာကို ရယူနိုင်ခဲ့ခြင်းလည်းဖြစ် သည်။

အမေရိကန်သတင်းဌာနတစ်ခုဖြစ်သော ဘလွန်းဘတ်၏ဖော်ပြချက်အရ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် စာရင်းတွင် လာရီ အီလီဆန်ကထိပ်ဆုံးတွင် ရပ်တည်နေပြီး အီလွန်မတ်၊ ဇူကာဘတ်၊ ဂျက်ဘီဇော့၊ လယ်ရီပေ့စ်တို့က အစဉ်လိုက်ရပ်တည်လျက်ရှိနေ ကြောင်းသိရသည်။

#centralnewsnaypyitaw

image