❝ခြေစစ်ပွဲအောင်မြင်ထားသည့် ISPE WFC (MYANMAR) အသင်းအား ဂုဏ်ပြုငွေ ကျပ်သိန်း ၁၇၀၀ ကျော် ချီးမြှင့်❞

စက်တင်ဘာ ၁၄

AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲအောင်မြင်ထားသည့် မြန်မာနိုင်ငံကိုယ်စားပြု ISPE WFC အသင်းအား ဂုဏ်ပြုဆုငွေ ကျပ်သိန်းပေါင်း ၁၇၀၀ ကျော် ချီးမြှင့်ပေးအပ်သည့် အခမ်းအနားကို စက်တင်ဘာ ၁၃ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ် ကျိုက္ကဆံအားကစားကွင်းရှိ အားကစားနှင့် ကာယပညာသိပ္ပံ(ရန်ကုန်) ပြည်ထောင်စုခန်းမ၌ ကျင်းပခဲ့သည်ဟု သိရသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာနနှင့် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်က ဂုဏ်ပြုအမှာစကားပြောကြားပြီး ပြည်ထောင်စုဝန်ကြီးထံ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့်ကာယပညာ ကော်မတီနာယက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းက ISPE WFC (MYANMAR) အသင်းအတွက် ဂုဏ်ပြုချီးမြှင့်ငွေကျပ် သိန်း ၁၀၀ ကို ပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့ထံ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် လူငယ်ရေးရာ အထောက်အကူပြုကော်မတီဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်လှူဒါန်းရာ ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက စေတနာရှင်အလှူရှင်များနှင့် အဖွဲ့အစည်းများမှ ပေးအပ်လှူဒါန်းခဲ့သည့် ဂုဏ်ပြုချီးမြှင့်ငွေ စုစုပေါင်းငွေကျပ် သိန်း ၁၇၁၅ တိတိကို AFC WOMEN’S CHAMPIONS LEAGUE 2025/2026 (Preliminary) ခြေစစ်ပွဲ အောင်မြင်ခဲ့သည့် ISPE WFC (MYANMAR) အသင်းအား ပေးအပ်ချီးမြှင့်ရာ တာဝန်ရှိသူများက လက်ခံရယူခဲ့သည်ဟု သိရသည်။

#centralnewsnaypyitaw

image