ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေ မိန်းမဖြစ်သူကပါ ခုန်ချသတ်သေမှု ဖြစ်ပွား
စက်တင်ဘာ ၁၃
ပြီးခဲ့တဲ့ ၁၀ ရက်ကျော်လောက်က လင်ယောကျ်ားဖြစ်သူ ခုန်ချသတ်သေခဲ့တဲ့ ငမိုးရိပ်တံတားပေါ်ကနေပဲ မိန်းမဖြစ်သူကလည်း ဒီနေ့စက်တင်ဘာ ၁၃ ရက်နေ့မှာ ငမိုးရိပ်ချောင်းထဲကိုခုန်ချမှုဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့မနက်ပိုင်း ၁၁ နာရီကျော်လောက်မှာ အသက် ၂၃ နှစ်အရွယ် အမျိုးသမီးတယောက်ဟာ ငမိုးရိပ်တံတားပေါ်မှာ ဖိနပ်တရံနဲ့ဖုန်းတလုံးကို ချန်ရစ်ကာ တံတားပေါ်ကနေ ခုန်ချခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
" ဖုန်းဆက်လို့ သွားတော့ လူကိုမတွေ့ရတော့ဘူး။ရေစီးကလည်းသန်တယ်။ ကယ်ဆယ်ရှာဖွေရေးပစ္စည်းကလည်း မစုံတာရယ်ကြောင့် ရှာဖွေဖို့မဖြစ်နိုင်လို့ ရှာဖွေမှုမလုပ်ခဲ့ဘူး။ ကျွန်တော်ယူဆချက်အရတော့ သေဖို့များပါတယ်။အခုခုန်ချတဲ့ကောင်မလေးက စိတ်ဒဏ်ရာလည်းရှိနေတယ်။ဘာလို့ဆို လွန်ခဲ့တဲ့ ၁၀ ရက်လောက်တုန်းက သူ့ယောကျ်ားလည်းဒီတံတားပေါ်ကနေ ခုန်ချသေသွားတာ။အဲဒီကတည်းက ကလေးမလေးက စိတ်ဒဏ်ရာရသွားတဲ့ပုံစံပါ။သိပ်လက်မခံချင်ခဲ့ဘူး။အခုတော့သူရောလိုက်ခုန်ချသွားတယ်။" လို့ မြေပြင်ကူညီဖို့သွားရောက်ခဲ့သူတယောက်ကပြောပါတယ်။
လက်ရှိမှာ ကောင်မလေးရဲ့ မိသားစုဝင်တွေနဲ့အဆက်အသွယ်ရရှိပြီး ကျန်ရစ်ပစ္စည်းတွေကို အပ်နှံကာ ရဲစခန်းမှာအမှုဖွင့်ဖို့ ပြောဆိုခဲ့တယ်လို့သိရပါတယ်။
" ကောင်မလေးပြုတ်ကျသွားတုန်းက ပေါ်လိုက်မြုပ်လိုက်ဖြစ်နေပြီးတော့မှရေစီးနဲ့ပါသွားတာလို့သိရတယ်။ရေစီးကသန်တော့မျောသွားပြီပေါ့။သေဖို့ကများပါတယ်။ရှာဖွေရေးလည်းမလုပ်နိင်ဘူး။သူ့ယောကျ်ားသေကတည်းက စိတ်ကျပြီးခုလိုလုပ်သွားတာသိရတယ်။ " လို့ မြေပြင်ရောက်ရှိခဲ့သူတယောက်ကပြောပါတယ်။
လက်ရှိမှာ ကူညီကယ်ဆယ်ရေးအသင်းတွေက ရှာဖွေကယ်ဆယ်ရေးမလုပ်တော့ဘဲ အလောင်းပြန်ပေါ်လာမယ့် သုံးရက်ကြာမှသာ မြစ်ကြောင်းတလျှောက်ရှာမှာလှေနဲ့ ဖွေမှုတွေပြုလုပ်သွားမယ်လို့သိရပါတယ်။
အဆိုပါ ကောင်မလေးရဲ့ အမျိုးသားက စက်တင်ဘာလ ၂ ရက်နေ့တုန်းကပဲ ငမိုးရိပ်တံတား ပေါ်ကနေ ခုန်ချသတ်သေခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ဓာတ်ပုံ - aung ye thu
Credit - Voice of Myanmar News Agency
#သတင်းဟင်းအိုးကြီး
