6 ရက် - ဘာသာပြန်ပါ။

❝ကိုဗစ်ကြောင့် ပိတ်ထားတဲ့ 'Safe Food from Safe Farm Market '(စနေ၊ တနင်္ဂနွေဈေး) ပြန်လည်ဖွင့်လှစ်❞

စက်တင်ဘာ ၁၃

ကိုဗစ်ကပ်ရောဂါကြောင့် ယာယီပိတ်ထားလိုက်ရတဲ့ 'Safe Food from Safe Farm Market '(စနေ၊ တနင်္ဂနွေဈေး) ကို ဒီကနေ့ စက်တင်ဘာလ(၁၃)ရက်ကစတင်ပြီး ရန်ကုန်မြို့ရှိ မြေပဒေဿာကျွန်း၊ ကန်တော်ကြီးမှာ ပြန်လည်ဖွင့်လှစ်လိုက်ပြီလို့ သိရပါတယ်။

အဆိုပါ Safe Food from Safe Farm Market ကို မြန်မာနိုင်ငံ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း (MFVP) က ကြီးမှူးဖွင့်လှစ်တာလို့ ဆိုပါတယ်။

အဲဒီ Safe Food from Safe Farm Market မှာ ဩဂဲနစ်၊ GAP နဲ့ သဘာဝနည်းစနစ်အတိုင်း စိုက်ပျိုးထုတ်လုပ်ထားတဲ့ လတ်လတ် ဆတ်ဆတ် သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်‌‌တွေ၊ ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူတွေရဲ့ ဘေးကင်းစိတ်ချရတဲ့ အစားအသောက်ထုတ်ကုန်တွေကို အပတ်စဉ် စနေ၊တနင်္ဂနွေနေ့တိုင်း ရောင်းချပေးသွာမှာဖြစ်တယ်လို့ သိရပါတယ်။

#centralnewsnayqyitaw

image
image
image