❝ထိုင်းနိုင်ငံထဲကို ခိုးဝင်တဲ့ လူမှောင်ခိုလှေမှောက်လို့ မြန်မာ ၃ ဦး သေဆုံး❞

စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံထဲကို လှေနဲ့ခိုးဝင်ဖို့ ကြိုးစားခဲ့ရာကနေ အဲဒီ လူမှောင်ခိုလှေတိမ်းမှောက်လို့ လှေပေါ်ပါ မြန်မာနိုင်ငံသား ၃ ဦး သေဆုံးသွားတဲ့ဖြစ်စဥ်တစ်ခု စက်တင်ဘာ ၉ ရက်နေ့က ဖြစ်ပွားခဲ့တယ်လို့ ထိုင်းသတင်းဖော်ပြမှုတွေအရ သိရပါတယ်။

အဲဒီဖြစ်စဥ်က ထိုင်းနိုင်ငံ၊ ကန်ချနပူရီပြည်နယ်၊ ဆန်ခလာဘူရီခရိုင်အတွင်းမှာရှိတဲ့ လောင်ကွန်း (ခေါ်) ကန်ချနပူရီ ဆည်အတွင်းမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး သေဆုံးသွားတဲ့ မြန်မာနိုင်ငံသား အမျိုးသမီး၊ အမျိုးသမီး ၃ ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ စက်တင်ဘာ ၁၂ ရက်မှာ ပြန်တွေ့ခဲ့တာလို့ ဆိုပါတယ်။

ရွှေ့ပြောင်းအလုပ်သမား ၂၂ ဦးခန့်ကို တင်ဆောင်လာတဲ့ အဆိုပါလှေဟာ ဘန်ဒေါင်ဆတ်ဆိပ်ကမ်းကနေ ညအချိန်မှာဖြစ်ကူးလာစဥ် မတော်တဆမှုဖြစ်ပွားပြီး လှေပေါ်ကအလုပ်သမား ၃ ဦး ရေထဲပြုတ်ကျသွားကြောင်း ဒေသခံတွေရဲ့က ပြောဆိုထားပါတယ်။

ဒါပေမယ့် အာဏာပိုင်တွေဘက်ကတော့ ရေထဲပြုတ်ကျသူအရေအတွက်ကို တိတိကျကျသိရဖို့ စုံစမ်းစစ်ဆေးမှုတွေ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်သလို ဖြစ်စဉ်နဲ့ပတ်သက်လို့လည်း ဆန်ခလာဘူရီရဲစခန်းမှ အရာရှိတွေက အမြန်ဆုံးစုံစမ်းစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။

#သတင်းဟင်းလေးအိုးကြီး

image
image
image
image