6 ရက် - ဘာသာပြန်ပါ။

❝ပြည်ပရောက် မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) လက်ခံသည့်ရက်ကို တိုးမြှင့်သတ်မှတ်❞

စက်တင်ဘာ ၁၃

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် အထွေထွေရွေးကောက်ပွဲတွင် ပြည်ပရောက် မြန်မာနိုင်ငံသား မဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးနိုင်ရေးအတွက် ပုံစံ(၁၅) လက်ခံသည့်ရက်ကို တိုးမြှင့်သတ်မှတ်လိုက်ကြောင်း သက်ဆိုင်ရာ မြန်မာသံရုံးများက အသိပေးထုတ်ပြန်လိုက်သည်။

အဆိုပါ ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် မဲပေးနိုင်ရေးအတွက် ပြည့်စုံစွာ ဖြည့်စွက်ပြီးသည့် ပုံစံ (၁၅) များကို မိမိတို့ရောက်ရှိရာနိုင်ငံအသီးသီးရှိ မြန်မာသံရုံးများသို့ သြဂုတ်လ ၂၁ ရက်နေ့မှ စက်တင်ဘာ ၈ ရက်နေ့အထိ ပေးပို့နိုင်ကြောင်း သတ်မှတ်ထားရာမှ ယခုအခါ ပုံစံ (၁၅) များ လက်ခံမည့်ရက်ကို အောက်တိုဘာ ၃ ရက်နေ့အထိ တိုးမြှင့်သတ်မှတ်လိုက်ခြင်းဖြစ်သည်။

သို့ဖြစ်သဖြင့် ပြည်ပရောက် မြန်မာနိုင်ငံသားများအနေဖြင့် ပုံစံ(၁၅) များကို ပြည့်စုံစွာဖြည့်စွက်၍ အိမ်ထောင်စု စာရင်းမိတ္တူ၊ မြန်မာနိုင်ငံကူးလက်မှတ်မိတ္တူ၊ ဆက်သွယ်ရမည့်လိပ်စာ၊ အီးမေးလ်နှင့် ဖုန်းနံပါတ်များနှင့်အတူ သတ်မှတ်ရက်အတွင်း သက်ဆိုင်ရာ သံရုံးလိပ်စာများသို့ ပေးပို့နိုင်ကြောင်း သိရသည်။

#centralnewsnaypyitaw

image