6 ရက် - ဘာသာပြန်ပါ။

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည်

စက်တင်ဘာ ၁၃

တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင်ရေး အမြန်ဆုံးဆောင်ရွက်သွားမည် ဖြစ်ကြောင်း စက်တင်ဘာလ ၁၂ ရက်က ပြုလုပ်သော နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်နှင့် ပြည်ထောင်စုအစိုးရအဖွဲ့တို့၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောကြားသည်။

ရင်းနှီးမြှုပ်နှံမှုအတွက် တရုတ်နိုင်ငံမှ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအနေဖြင့် တရုတ်ယွမ်ငွေဖြင့် ရင်းနှီးမြှုပ်နှံ လိုကြသည်ကို သိရှိခဲ့ရကြောင်း၊ ကုန်သွယ်မှုတွင်လည်း ယွမ်နှင့်ကျပ် တိုက်ရိုက်ပေးချေခြင်းများကို ဆောင်ရွက် လျက်ရှိကြောင်း၊ မိမိတို့နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုပမာဏများစွာရှိကြောင်း၊ ရင်းနှီးမြှပ်နှံမှု လုပ်ငန်းများကို ဒေါ်လာဖြင့်သာမက ယွမ်နှင့်ပါ ဆောင်ရွက်နိုင်မည်ဆိုပါက ရင်းနှီးမြှုပ်နှံမှုများ ပိုမိုတိုးတက်လာပြီး နိုင်ငံအတွက် များစွာအကျိုးရှိမည်ဖြစ်ကြောင်း၊ ထို့ကြောင့် တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုကို ယွမ်ဖြင့်ပြုလုပ်နိုင် ရေး အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မိမိတို့အနေဖြင့် စီးပွားရေးမြှင့်တင်မှုများ ဆောင်ရွက်နိုင်မည် ဆိုပါက နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို များစွာဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးတက်လာစေရေးအတွက် ဝန်ကြီးဌာနများအလိုက် အလေးထားဆောင်ရွက်သွားကြရန်လို ကြောင်း ပြောကြားသည်။
တရုတ်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြန်ဆန်တိုးတက်စေရေး နှစ်ဖက်စီးပွားရေးလုပ်ငန်းရှင်များပါဝင်သည့် မြန်မာ-တရုတ်ကုန်သွယ်မှုနှင့် ရင်နှီးမြှုပ်နှံမှုမြှင့်တင်ရေးအသင်းကို ဖွဲ့စည်းဆောင်ရွက်ရန် ပြောကြားထားပြီးဖြစ် ကြောင်း၊ တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုမြှင့်တင်နိုင်ရန်အတွက် စိုက်ပျိုးမွေးမြူရေးထွက် ကုန်ပစ္စည်းများ ပိုမို တိုးတက်အောင် ထုတ်လုပ်နိုင်ရန်လိုကြောင်းလည်း ပြောကြားသည်။

မိမိတို့နိုင်ငံ၏ ပြည်ပပို့ကုန်ကဏ္ဍအား အချိန်ယူလေ့လာကြည့်ရာတွင် လမ်းစဉ်ပါတီခေတ်၌ လယ်ယာထွက်ကုန် ၅၀ ရာခိုင်နှုန်းခန့်ရှိပြီး နဝတခေတ်တွင် လယ်ယာထွက်ကုန် ၃၀ ရာခိုင်နှုန်းကျော်ခန့်ရှိကြောင်း၊ သစ်တော ထွက်ပစ္စည်း၊ ရေထွက်နှင့်တွင်းထွက်ပစ္စည်းများ ပိုမိုများပြားသည်ကိုတွေ့ရကြောင်း၊ နယကခေတ်တွင် လယ်ယာ ထွက်ကုန်များကို ၂၀ ရာခိုင်နှုန်းပတ်ဝန်းကျင်ခန့်သာရှိကြောင်း၊ ဒီမိုကရေစီအစိုးရ သက်တမ်းနှစ်ခုတွင်လည်း လယ်ယာထွက်ကုန်များကို ၂၀ ရာခိုင်နှုန်း ပတ်ဝန်းကျင်ခန့်သာ တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့အစိုးရသက်တမ်း ကာလတွင် လယ်ယာထွက်ကုန်များကို ၃၉ ရာခိုင်နှုန်းခန့် တင်ပို့နိုင်ခဲ့ကြောင်း၊ မိမိတို့နိုင်ငံတွင် ထုတ်ကုန်ပစ္စည်း များထက် သယံဇာတပစ္စည်းများနှင့် CMP ထုတ်ကုန်ပစ္စည်းများ ပိုမိုတင်ပို့နိုင်သည်ကိုတွေ့ရကြောင်း၊ မိမိတို့နိုင်ငံသည် စိုက်ပျိုးမွေးမြူရေးကိုအခြေခံသည့် နိုင်ငံဖြစ်၍ လယ်ယာထွက်ကုန်ပစ္စည်းများကို ယခုထက် ပိုမိုတင်ပို့နိုင်ရန်လိုကြောင်း ပြောကြားသည်။

#centralnewsnaypyitaw

image