6 d - Translate

ထိုင်းနိုင်ငံအတွင်း တရားမဝင် ခိုးဝင်စဉ် ပြုတ်ကျသေဆုံးခဲ့ဖွယ်ရှိသည့် မြန်မာလုပ်သားသုံးဦး၏ ပုပ်ပွနေသော အလောင်းများကို ဝဇီရာလောင်ကွန်းရေလှောင် တမံအတွင်းမှ မနေ့က တွေ့ရှိ
၁၃. ၉. ၂၀၂၅
​ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီပြည်နယ်၊ စံခလှဘူရီမြို့နယ်မှ ဒေသခံများက ယနေ့ စက်တင်ဘာလ ၁၂ ရက် နံနက် ၁၁ နာရီ ၃၅ မိနစ်ခန့်တွင် မြန်မာရွှေ့ပြောင်းလုပ်သား (၂) ဦးနှင့် အမျိုးသမီး (၁) ဦး၊ စုစုပေါင်း (၃) ဦးတို့၏ ပုပ်ပွ နေသောအလောင်းများကို ဝဇီရာလောင်ကွန်းတမံအတွင်း တွေ့ရှိခဲ့ကြောင်း သက်ဆိုင်ရာသို့ အကြောင်းကြားခဲ့သည်။
ဒေသခံများပြောကြားမှုအရ စက်တင်ဘာ ၉ ရက် ည ၈ နာရီခွဲခန့်တွင် လူ ၂၂ ဦးခန့်ပါသော မြန်မာလုပ်သားများက ရေလှောင်တမံတစ်လျှောက် သောင်းဖာဖုမ်နှင့် လောင်ဖလောင်ခရိုင်ရှိ ကျေးရွာအုပ်စု နှစ်ခုစလုံးတွင် ၀င်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
​အဆိုပါ သေဆုံးသူ (၃) ဦးသည် စက်တင်ဘာလ ၉ ရက်နေ့ညက ထိုင်းနိုင်ငံသို့ တရားမဝင် ဝင်ရောက်ရန် ကြိုးပမ်းခဲ့သော မြန်မာလုပ်သား (၂၂) ဦးတွင် ပါဝင်ခဲ့သည်။
လူကုန်ကူးသူများက ထိုအဖွဲ့ကို ဝဇီရာလောင်ကွန်းဆည် ရေလှောင်တမံကို ဖြတ်၍ သောင်းဖာဖုမ်မြို့နယ်ဘက်သို့ လှေဖြင့် ပို့ဆောင်ပေးခဲ့စဉ် ရေအောက်မှ သစ်ငုတ်တစ်ခုကို တိုက်မိခဲ့ပြီး လုပ်သား (၃) ဦး ရေထဲပြုတ်ကျကာရေနစ်သေဆုံးခဲ့ခြင်းဖြစ်ဖွယ်.ရှိကြောင်းသိရသည်။

image