အိပ်ရာနိုးတဲ့အခါ လက်ဖျားတွေ ထုံတာ၊ ကျဉ်တာမျိုး ဘာကြောင့်ဖြစ်ရသလဲဆိုတာကို လေ့လာကြည့်ရအောင်။ လက်ထုံတာ၊ ကျဉ်တာကို ဆေးပညာအရ "𝑷𝒂𝒓𝒆𝒔𝒕𝒉𝒆𝒔𝒊𝒂" လို့ခေါ်ပြီး လူတိုင်းနီးပါး ကြုံတွေ့ဖူးကြတဲ့ အဖြစ်အပျက်တစ်ခု ဖြစ်ပါတယ်။
အိပ်ရာနိုးရင် လက်တွေထုံကျဉ်ရတဲ့ အဓိကအကြောင်းအရင်းများ
၁။ အိပ်တဲ့ပုံစံကြောင့်ဖြစ်နိုင်ပါတယ်
အိပ်တဲ့အခါ လက်ကို ခေါင်းအောက်ခုအိပ်တာ၊ ကိုယ်အလေးချိန်နဲ့ ဖိအိပ်မိတာမျိုးတွေကြောင့် လက်ထဲက အာရုံကြောတွေနဲ့ သွေးကြောတွေပေါ် ဖိအားသက်ရောက်ပြီး ထုံတာ၊ ကျဉ်တာမျိုး ဖြစ်တတ်ပါတယ်။ သွေးလည်ပတ်မှု မကောင်းတော့တာကြောင့် အောက်ဆီဂျင် ပမာဏလျော့နည်းပြီး ဒီလိုခံစားရတာပါ။
၂။ 𝑪𝒂𝒓𝒑𝒂𝒍 𝑻𝒖𝒏𝒏𝒆𝒍 𝑺𝒚𝒏𝒅𝒓𝒐𝒎𝒆 (လက်ကောက်ဝတ်အာရုံကြောဖိမိခြင်း)
ဒီအခြေအနေဟာ လက်ကောက်ဝတ်က အာရုံကြောမကြီး (𝑴𝒆𝒅𝒊𝒂𝒏 𝑵𝒆𝒓𝒗𝒆) ဖိမိတာကြောင့် ဖြစ်ရတာပါ။ ရောဂါလက္ခဏာအနေနဲ့ လက်မ၊ လက်ညှိုး၊ လက်ခလယ်နဲ့ လက်သူကြွယ်တစ်ခြမ်းတို့မှာ ထုံတာ၊ ကျဉ်တာ၊ ပူတာ၊ နာကျင်တာမျိုးတွေ ခံစားရတတ်ပါတယ်။ အထူးသဖြင့် ညဘက်နဲ့ မနက်ပိုင်း အိပ်ရာထချိန်မှာ ပိုသိသာပါတယ်။ ကွန်ပျူတာ အကြာကြီးသုံးသူတွေနဲ့ လက်ကို အဆက်မပြတ်လှုပ်ရှားအသုံးပြုရတဲ့ အလုပ်လုပ်သူတွေမှာ ပိုအဖြစ်များပါတယ်။
၃။ လည်ပင်းက အာရုံကြောဖိမိခြင်း
လည်ပင်းမှာရှိတဲ့ အာရုံကြောတစ်ခုခု ဖိမိတဲ့အခါမျိုးမှာလည်း လက်မောင်း၊ လက်ဖျံနဲ့ လက်ချောင်းတွေဆီကို နာကျင်တာ၊ ထုံကျဉ်တာတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။ လည်ပင်းရိုးဆစ် ရောင်တာ၊ ကျွံတာ၊ ဒါမှမဟုတ် အနေအထားမမှန်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။
ဘယ်လိုဖြေရှင်းနိုင်မလဲ
အိပ်တဲ့ပုံစံကို ပြောင်းကြည့်ပါ။ လက်ကို ကိုယ်အောက်မှာ မထည့်မိအောင် သတိထားပါ။ ပုံမှန်အားဖြင့် ခဏနေရင် ပြန်ကောင်းသွားတတ်ပါတယ်။ ဒါပေမဲ့ မကြာခဏဆိုသလို လက်ထုံကျဉ်တာတွေ ဖြစ်နေမယ်၊ ဒါမှမဟုတ် တခြားရောဂါလက္ခဏာတွေပါ တွဲပါလာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးပြီး စစ်ဆေးမှုခံယူသင့်ပါတယ်။
ကျန်းမာပျော်ရွှင်သောနေ့လေး ဖြစ်ပါစေ။ 😊
#လက်ထုံခြင်း
#ကျန်းမာရေးဗဟုသုတ
