6 ရက် - ဘာသာပြန်ပါ။

𝗪𝗶𝘀𝗵 (𝟮𝟬𝟮𝟯)
5.8/10 Adventure, Animation, Comedy
ဇာတ်လမ်းအကျဉ်း*****တစ်ခါတုန်းက မဂ္ဂနီဖီကိုဆိုတဲ့လူတစ်ယောက်ဟာ မှော်ပညာကိုအသည်းအသန်လေ့လာခဲ့ပြီး ဆုတောင်းတွေကိုပါ ဖြည့်ပေးနိုင်တဲ့အစွမ်းအထိပိုင်ဆိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်းတစ်ကျွန်းမှာ သူ့ဇနီးအမာရာနဲ့အတူ ရိုဆက် ဆိုတဲ့ တိုင်းပြည်တစ်ခုတည်ထောင်ခဲ့ပြီးလူအားလုံးကို လက်ခံထားခဲ့ပါတယ်။ အဲဒီကျွန်းက လူတွေဟာသူတို့အလိုချင်ဆုံး ဆုတောင်းတစ်ခုကို ဘုရင်ကြီးဆီမှာ အပ်ထားနိုင်ပြီးဘုရင်ကြီးက ဆုတောင်းတွေကို ကာကွယ်ပေးထားတဲ့အပြင်တစ်လတစ်ခါ ထိုက်တန်သူတစ်ယောက်ရွေးပြီး ဆုတောင်းဖြည့်ပေးပါသေးတယ်။ အားနည်းချက်အနေနဲ့ကတော့ ကိုယ့်ရဲ့အလိုချင်ဆုံးဆုတောင်းတစ်ခုကို အပ်ထားလိုက်ပြီးသွားရင် ကိုယ်အလိုချင်ဆုံးအရာက ဘာလဲဆိုတာပါ မမှတ်မိတော့ဘဲ တစ်နေ့မှာ ဆုတောင်းပြည့်ဖို့စောင့်နေရတော့တာပါပဲ။
ဒီလိုစောင့်နေတဲ့သူတွေထဲမှာ အားရှာဆိုတဲ့မိန်းကလေးရဲ့ အသက် ၁၀၀ ပြည့်သွားတဲ့အဘိုးနဲ့အမေလည်း ပါဝင်ပါတယ်။ အားရှာဟာ ဘုရင်ကြီးဆီမှာ ဆုတောင်းတွေနဲ့ပတ်သတ်တဲ့အလုပ်ကို လက်ထောက်အဖြစ် လုပ်ခွင့်ရဖို့ သွားလျှောက်ရင်းနဲ့ဒီဆုတောင်းတွေထဲက အများစုဟာ ဘယ်တော့မှ ဖြည့်ပေးတာမခံရမှန်းသိလာပါတယ်။ အနည်းဆုံးတော့ ဆုတောင်းတွေ မပြည့်တော့ရင်တောင်ကိုယ်အလိုချင်ဆုံးအရာကို ကိုယ်သတိရပြီး ကြိုးစားခွင့်ရှိဖို့ ထိုက်တန်တယ်လို့ ယုံကြည်တဲ့ အားရှာဟာ ဘုရင်ကြီးဆီကနေ ဆုတောင်းတွေကိုခိုးယူပြီး ပိုင်ရှင်တွေကို ပြန်ပေးဖို့ ကြိုးစားတဲ့အခါ…

image