3 ရက် - ဘာသာပြန်ပါ။

အမေရိကန်မှာ ဖမ်းဆီးခံရတဲ့ ဟွန်ဒိုင်းစက်ရုံအလုပ်သမားတွေ စင်းလုံးငှားလေယာဉ်နဲ့ ကိုရီးယားပြန်လာနေ

ဆိုးလ်၊ စက်တင်ဘာ ၁၂

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဟွန်ဒိုင်းစက်ရုံမှာ ပြီးခဲ့တဲ့ သီတင်းပတ်က လူဝင်မှုကြီးကြပ်ရေး စီးနင်းမှုအတွင်း ထိန်းသိမ်းခံခဲ့ရတဲ့ တောင်ကိုရီးယားနိုင်ငံသား ၃၀၀ ကျော်ဟာ ဒီကနေ့မှာ တောင်ကိုရီးယားကို ပြန်လည်ရောက်ရှိမှာဖြစ်ပါတယ်။

စီးနင်းမှုမှာ ဖမ်းဆီးခံထားရတဲ့ အလုပ်သမားတွေနဲ့ ကိုရီးယားမဟုတ်သူ ၁၄ ယောက်ကို တင်ဆောင်လာတဲ့ စင်းလုံးငှားလေယာဉ် Korean Air လေယာဉ်တစင်းဟာ ဒေသစံတော်ချိန် ကြာသပတေးနေ့ (170 BST) တွင် Hartsfield-Jackson Atlanta အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာသွားခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံသားတယောက်ကတော့ အမြဲတမ်းနေထိုင်ခွင့်ရဖို့ အမေရိကန်မှာ ကျန်ရစ်ခဲ့ပါတယ်။လေယာဉ်ဟာ တောင်ကိုရီးယား စံတော်ချိန် ညနေပိုင်းမှာ အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိလာမယ်လို့ မျှော်လင့်ရပါတယ်။

အိမ်ဖြူတော်ရဲ့ ညွှန်ကြားချက်ကြောင့် ထွက်ခွာမယ့်ရက်ကို တရက်ကျော် ရွှေ့ဆိုင်းခဲ့တယ်လို့ တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ကြာသပတေးနေ့မှာ ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အလုပ်သမားတွေ အမေရိကန်မှာ ဆက်လက်အလုပ်လုပ်ကိုင်ဖို့နဲ့ သင်တန်းတက်ဖို့ ဆန္ဒရှိမရှိ စစ်ဆေးဖို့ ခေတ္တရပ်ထားကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောပါတယ်။

စီးနင်းမှုတွေကြောင့် ပြည်ပ ကုမ္ပဏီတွေဟာ အမေရိကန်မှာ ရင်းနှီးမြှုပ်နှံဖို့ အလွန်ချီတုံချတုံ ဖြစ်နေလိမ့်မယ်လို့လည်း တောင်ကိုရီးယားသမ္မတ လီဂျေးမြောင်က ပြောပါတယ်။ “အခြေအနေက အလွန်ကို အံ့ဩစရာပါပဲ” လို့ သူက ပြောပါတယ်။

နိုင်ငံရပ်ခြားမှာ စက်ရုံတေ ထူထောင်ရာမှာ ကူညီဖို့ အလုပ်သမားတေ စေလွှတ်တာဟာ ကိုရီးယားကုမ္ပဏီများအတွက် လုပ်ရိုးလုပ်စဉ်ဖြစ်တယ်ဆိုတာ သိထားကြောင်း သူက ပြောပါတယ်။ ဒါကို ခွင့်မပြုတော့ဘူးဆိုရင် အမေရိကန်မှာ ကုန်ထုတ်လုပ်ရေး စက်ရုံတွေ ထူထောင်ဖို့က ပိုခက်ခဲလာပါလိမ့်မယ်လို့လည်း သူကပြောပါတယ်။

တောင်ကိုရီးယား အလုပ်သမားများအတွက် ဗီဇာရွေးချယ်ခွင့်ဆိုင်ရာနဲ့ပတ်သက်ပြီး တောင်ကိုရီးယားဟာ အမေရိကန်နဲ့ ညှိနှိုင်းနေပြီး ကိုရီးယားကုမ္ပဏီတွေအတွက် ဗီဇာအသစ်ပေးဖို့ အမေရိကန်ကွန်ဂရက်လွှတ်တော်ကို တောင်းဆိုထားကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ပြောပါတယ်။

ယခုသီတင်းပတ်အတွင်း ဝါရှင်တန်မှာ အမေရိကန် အထက်လွှတ်တော်အမတ်များနှင့် တွေ့ဆုံစဉ် နိုင်ငံခြားရေးဝန်ကြီး ချိုဟွန်းက ဖမ်းဆီးခံရမှုနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနိုင်ငံသားတွေအကြား စိုးရိမ်ပူပန်မှုများရှိကြောင်း ပြောကြားခဲ့ပါတယ်။

Ref:BBC
Photo:AFP

Credit - Voice of Myanmar

#centralnewsnayqyitaw

image