#အင်းလျားကန်ဘောင်နားက
“ နာမည်ကြီးတဲ့ စိမ်းလန်းစိုပြည် မုန့်ဟင်းခါး “
..
ဒီဆိုင်ရဲ့ သက်တမ်း က ( ၁၆ ) နှစ်ကျော်ကြာပြီ
အရင်ကျောင်းတက်တုန်းကတော့ view လေးလှလို့ အမြဲလိုလိုထိုင်ဖြစ်ခဲ့တဲ့ဆိုင်လေး 🏠
ဒီဆိုင် ရဲ့ ထူးခြားချက်က __
တခြား ခေတ်ပေါ် စားသောက်ဆိုင်တွေ နဲ့ မတူပဲ
🇲🇲 မြန်မာ့ရိုးရာ စားစရာတွေရော ၊
🏮 အရှေ့တိုင်းစားစရာတွေပါ စုံစုံလင်လင် ရနိုင်တာမို့ .... လူကြီး လူငယ် အကုန် ကြိုက်ကြတာလေး ဖြစ်နေတာ
ကိုဗစ်ဖြစ်တော့ မစား / မသွားဖြစ်တာ တော်တော်ကြာပြီ ရော ...
#ဒီဆိုင်မှာ စားမယ်ဆို
🔺 အညာပဲထမင်း၊
🔺မုန့်ဟင်းခါး ၊
🔺 မလေးရှားခေါက်ဆွဲကြော် ၊
🔺 နံရိုးပေါင်း ယူနန်မြီးရှည် နဲ့
🔺Seafood ပဲကြာဆံသုပ်တွေ လူကြိုက်များတယ်။
သူ့ လက်ရာတွေက အိမ်ချက်လိုပဲ ... စားရတာ အရသာ ထိထိမိမိ ရှိတယ်။
💁🏼‍♂️ ဥပမာ - မုန့်ဟင်းခါးဆိုလည်း ငါးခူများများနဲ့ သေချာချက်ထားတာမျိုး ။

image