#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ တရုတ်နှင့် အမေရိကန် နှစ်နိုင်ငံ ကာကွယ်ရေးဝန်ကြီးများ ဆွေးနွေး
အမေရိကန်ကာကွယ်ရေးဝန်ကြီး ဟက်ဂ်ဆက်နှင့် တရုတ်ကာကွယ်ရေးဝန်ကြီး ရေကြောင်းဗိုလ်ချုပ်ကြီး တောင်ကျန်းတို့သည် စက်တင်ဘာ ၁ဝ ရက်တွင် ပထမဆုံးအကြိမ်အဖြစ် ဗီဒီယိုကွန်ဖရင့် စနစ်ဖြင့်ဆွေးနွေးခဲ့ကြောင်း သိရသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် တရုတ်နိုင်ငံနှင့်ပဋိပက္ခ မဖြစ်လိုကြောင်း စက်တင်ဘာ ၁ဝ ရက် ဖုန်းခေါ်ဆိုဆွေးနွေးပွဲတွင် အမေရိကန်ကာကွယ်ရေးဝန်ကြီးက တရုတ်ကာကွယ်ရေးဝန်ကြီးကို ပြောကြားခဲ့သည်။
သို့ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရှ-ပစိဖိတ် ဒေသရှိ အရေးပါသောအမေရိကန်အကျိုးစီးပွားများကို ကာကွယ်လိမ့်မည်ဖြစ်ကြောင်း တရုတ်ကာကွယ်ရေးဝန်ကြီးနှင့် ဆွေးနွေးစဉ်အမေရိကန်ကာကွယ်ရေးဝန်ကြီးက အသိပေးခဲ့သည်။
ကုန်သွယ်ရေးမူဝါဒပြဿနာ၊ နည်းပညာနယ်ပယ်အငြင်းပွားမှု ပြဿနာ အပါအဝင်ပြဿနာအမျိုးမျိုးတို့ကြောင့် တရုတ်နှင့် အမေရိကန်ပြည်ထောင်စုတို့အကြား ဆက်ဆံရေးတင်းမာနေချိန်တွင် နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများ ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
နှစ်နိုင်ငံကာကွယ်ရေးဝန်ကြီးများအကြား ဖုန်းခေါ်ဆိုဆွေးနွေးပွဲသည်ပွင့်လင်းမှုရှိခဲ့ပြီး အပြုသဘောဆောင်နေကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသည်။
အမေရိကန်ကာကွယ်ရေးဝန်ကြီး၏ မေတ္တာရပ်ခံချက်အရ စက်တင်ဘာ ၁ဝ ရက် ဗီဒီယိုကွန်ဖရင့် ဆွေးနွေးပွဲဖြစ်မြောက်ခဲ့ခြင်းဖြစ်ကြောင်း တရုတ်အစိုးရက သတင်းထုတ်ပြန်ထားသည်။
ရိုက်တာ
