#ခေါက်ဆင့်ပလာတူးလုပ်နည်း
***************************
ထိုင်းနိုင်ငံမှာနေရင် ခနွမ်ဂျင်ပလာထူး ဆိုတာမစားဖူးသူရှားပါတယ်..
အကုန်အကျလည်းသက်သာပြီးအရွက်နဲ့ငါးပါဝင်မှုများတာကြောင့် အာဟာရဖြစ်ပြီး အားရွိပါတယ်။
လုပ်စားရတာလည်းအရမ်းလွယ်ပါတယ်....အဓိကတော့ အဲ့တာနဲ့တို့စားတဲ့အချဉ်ရည်သာအဓိကပါ.
အရွက်တွေက ဆလပ်ရွက် မုံညင်းဖြူ ကိုက်လန် နံနံပင် ကုလားနံနဲ..ပြီးတော့မုန့်တီဖတ်ပဲလိုပါတယ်။
အချဉ်ရည်လုပ်နည်း..😋
*******************
ငရုတ်သီးစိမ်း.နီ
ကြက်သွန်ဖြူ
နံနံပင် နံနံမြစ်
သံပရာသီး
ငံပြာရည်
သကြား..
အရင်ဆုံး..ငရုတ်သီး ကြက်သွန်ဖြူ နံနံအမြစ်ကိုထောင်းပါ..ကြိတ်စက်ရှိရင်ပိုအဆင်ပြေလွယ်ကူပါတယ်။
ညက်အောင်ထောင်းထားတဲ့ငရုတ်သီးကိုပန်ကန်လုံးထဲထည့်ပြီး သံပရာသီး ငံပြာရည်သကြား ..ဆတူရောထည့်ပါ..အရသာကsea food အချဉ်ရေနဲ့တူပါတယ်..။
ထုတ်စားနည်းကတော့..😁ဆလပ်ရွက် သို့မဟုတ် ကြိုက်ရာအရွက်ထဲမှာ မုန့်တီဖတ်အနည်းငယ်ထည့် ငါးကြော်ကိုအနည်းငယ်ဖဲ့ထည့် နံနံပင်အနည်းငယ်ထည့် အချဉ်ရေအနည်းငယ်ထည့်ပြီး ထုပ်စားလိုက်ပါ..(တစ်လုပ်စာသာထုပ်ပါ)ထိုင်းလူမျိုးတွေက အရွက်ကို အစိမ်းစားတာပိုကြိုက်ပါတယ်..ကိုယ်ကြိုက်တဲ့အရွက်တွေထည့်စားလို့ရပါတယ်..ဒါကတော့ ခနွမ်ဂျင်ပလာထူး သို့မဟုတ် mieng bla tuu..ခေါ် မုန့်တီငါးအရွက်ပါတဲ့ လုပ်စားနည်းတမျိုးပါ..(အချို မှုန့်ကြိုက်သူများအချဉ်ရေထဲထည့်နိုင်ပါတယ် ပိုပြီးအရသာရှိတာပေါ့😋)
#credit. မူရင်း

image