နံနက်ခင်းယောဂလေ့ကျင့်ခြင်း အကျိုးကျေးဇူး(၅)ခု
~~~~~~~~~~~~~~~~~~~~~
ကိုယ်လက်လှုပ်ရှားအားကစားပြုလုပ်တဲ့အခါမှာ အခြားအချိန်တွေထက် မနက်ပိုင်းမှာပြလုပ်တာက ခန္ဓာကိုယ်အတွက်မတူတဲ့ အကျိုးကျေးဇူးတွေကိုပိုရစေပါတယ်။မနက်ခင်းမှာယောဂကစားတဲ့အခါ ဘယ်လိုအကျိုးကျေးဇူးတွေပိုရမလဲဖတ်ကြည်ရအောင် 🌞
🌞 နံနက်ခင်းယောဂလေ့ကျင့်တာက ကိုယ့်ရဲ့ ဟော်မုန်းတွေကိုညီမျှစေပြီး အိပ်စက်အနားယူချိန် မှန်စေပါတယ်။
မနက်ခင်းယောဂဆော့ဖို့စလိုက်ပြီဆိုတာနဲ့ ခန္ဓာကိုယ်က နောက်ရက်တွေမှာလည်းဒီလိုကစားနိုင်ဖို့အတွက် လိုက်ထိန်းပေးပါတယ်။တချို့သောယောကပိုစ့်တွေက ကိုယ်ခန္ဓာအတွင်းမှာရှိတဲ့ Endocrine စနစ်ကိုထိရောက်စေပြီး ဂလန်းစ်နဲ့ ဟော်မုန်းတွေကို balanceဖြစ်အောင်ထိန်းညှိပေးပါတယ်။
🌞 မနက်စောစောလေ့ကျင့်တဲ့ယောဂက ကိုယ့်ခန္တာကျန်းမာစေပြီး ကြာရှည်တည်မြဲစေတယ်။
ညနေပိုင်းမှာလေ့ကျင့်မယ်ဆိုရင် တစ်နေကုန်အလုပ်လုပ်ထားပြီးဖြစ်တဲ့အတွက် ကိုယ်လေ့ကျင့်ခန်းလုပ်တဲ့အခါ အားအင်မပြည့်မရှိတော့ပါဘူး။ လေ့ကျင့်မှုကို မနက်ပိုင်းပြုလုပ်တဲ့အခါ နေ့တစ်နေ့ရဲ့အစမှာတင်ကိုယ်အတွက် အလုပ်တစ်ခုပြီးမြောက်တဲ့ခံစားမှုက self-empowermentကိုမြင့်တက်စေပြီး နောက်ထပ်အမြဲဆက်လုပ်နိုင်ဖို့တွန်းအားဖြစ်စေပါတယ်။
🌞 မနက်ခင်းယောက ကိုယ့်ရဲ့ဇီဝဖြစ်ပျက်မှုကိုတိုးမြင့်စေပါတယ်။
မနက်ခင်းကစားတာက အစာချေစနစ်ကိုကောင်းမွန်စေပြီး အစာအာဟာရကိုလိုအပ်တဲ့အစိတ်အပိုင်းတွေကို ပို့ဆောင်စေနိုင်ပါတယ်။
🌞 မနက်ခင်းယောဂဟာကဖိန်းဓာတ်တစ်မျိုးကဲ့သို့လုပ်ဆောင်ပေးပါတယ်။
မနက်ပိုင်းကစားလိုက်တဲ့အတွက် လတ်ဆက်တဲ့ Oxygenက ဦးနှောက်ကိုနှိုးကြားစေပြီးတစ်နေကုန် အလုပ်လုပ်နိုင်ဖို့အတွက် အင်အားပိုထွက်လာစေပါတယ်။
🌞 နံနက်စောစောယောဂလေ့ကျင့်တာက ဒဏ်ရာနဲ့ အနာတရဖြစ်မှုကို လျော့ကျစေပါတယ်။
ယောဂဟာတင်းကျပ်နေတဲ့ကိုယ့်ခန္တာအကြောအချဉ်တွေကိုဆွဲဆန့်လိုက်တဲ့အတွက် လှုပ်ရှားမှုလွယ်ကူလာအောင်ကူညီပေးပါတယ်။ကိုယ်ခန္တာအနေအထားမှန်စေပါတယ်။
ဒီလိုအကျိုးကျေးဇူးတွေကြောင့်ပဲမနက်ခင်းယောဂကိုစိတ်ဝင်စားပြီးလေ့ကျင်ချင်သူတွေအတွက် Morning Yoga Classကို June 3ရက်နေ့စတင် သင်ကြားပါမည်
မနက်ခင်းယောဂ လေ့ကျင့်ချင်တဲ့ ကိုကိုမမတို့ စိတ်ဝင်စားတယ်ဆိုရင် Chat Box လေးမှာလာရောက်မေးမြန်းနိုင်ပါပြီ 📩
#new_goal_yoga
#morning_yoga

image