12 ပတ် - ဘာသာပြန်ပါ။

စပါးလင်ရွက်မှ ဇီဝယူရီးယားမြေဩဇာပြုလုပ်နည်း...။
​ဇီဝယူရီးယား ဆိုသည်မှာ အစိမ်းရောင်ရှိသော အရွက်များ (သို့) နိုက်ထရိုဂျင်ဓာတ်ကြွယ်ဝတဲ့ အပင်များကို အဏုဇီဝပိုးများဖြင့် ဆွေးမြေ့စေပြီး အပင်များ အသုံးပြုနိုင်သည့် အာဟာရဓာတ်များ ထုတ်လုပ်ခြင်းမှ ရရှိသော အော်ဂဲနစ်မြေဩဇာ တစ်မျိုးဖြစ်သည်။ တိုင်းရင်းဆေးပင်ဖြစ်သော စပါးလင်ပင်သည် အနံ့မွှေးကြိုင်သည့်အပြင် အချို့သော ပိုးမွှားများကို တွန်းလှန်နိုင်ပြီး မြေဆီလွှာကို အာဟာရဓာတ်ဖြည့်ဆည်းပေးနိုင်သောကြောင့် ကောင်းမွန်တဲ့ ကုန်ကြမ်းပစ္စည်းတစ်ခုဖြစ်ပါသည်။
​လိုအပ်သည့် ပစ္စည်းများ......
​ * စပါးလင်ရွက်အစို ၃ ကီလိုဂရမ် (အပိုင်းပိုင်း လှီးထားပါ)
* ​သကြား ၁ ကီလိုဂရမ်
* ရေ ၁၀ လီတာ
* ​EM ပိုးမွှား မျိုးပွားပစ္စည်း ၂၀၀ စီစီ
* ​အဖုံးပါတဲ့ ပလပ်စတစ်ပုံးတစ်လုံး
​ပြုလုပ်နည်း......
​၁။ စပါးလင်ရွက်များကို သန့်စင်အောင် ဆေးကြောပြီး အပိုင်းငယ်လေးများ လှီးဖြတ်ပါ။
​၂။ အဖုံးပါတဲ့ ပုံးထဲသို့ ရေ ၁၀ လီတာနှင့်အတူ လှီးထားတဲ့ စပါးလင်ရွက်များကို ထည့်ပါ။
​၃။ သကြားရည်နှင့် EM ပိုးမွှား မျိုးပွားပစ္စည်းတို့ကို ထည့်ပါ။
​၄။ အားလုံးကို သမအောင်မွှေပြီး အဖုံးကို လုံအောင် ပိတ်ပါ။
​၅။ ပုံးကို အရိပ်ရသောနေရာတွင် ၁၅ - ၂၀ ရက်ခန့် အချဉ်ဖောက်ထားပါ။ (၂ - ၃ ရက်လျှင် တစ်ကြိမ် မွှေပေးပါ။)
​၆။ သတ်မှတ်ထားသောအချိန်ပြည့်ပါက အနံ့မကောင်းသော အနံ့ဆိုးမထွက်ဘဲ ချဉ်သော၊ မွှေးကြိုင်သော ဇီဝယူရီးယားမြေဩဇာရည်ကို ရရှိပါမည်။
​အသုံးပြုနည်း.......
* ​မြေဩဇာရည် ၅ ဇွန်းကို ရေ ၂၀ လီတာနှင့် ရောပါ။
* ​အပင်များကို လောင်းပေးခြင်း (သို့) အရွက်များပေါ်သို့
ဖျန်းပေးခြင်းကို တစ်ပတ်လျှင် ၁ - ၂ ကြိမ် ပြုလုပ်ပါ။
* ​အပင်ကြီးထွားနှုန်းမြန်စေပြီး အရွက်များကို စိမ်းလန်းစေ
ကာ အာဟာရဓာတ်များလည်း ဖြည့်ဆည်းပေးနိုင်ပါသည်။
​အားသာချက်များ........
- ​စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုနိုင်ခြင်း။
- ဓာတုမြေဩဇာအသုံးပြုစရိတ်ကို လျှော့ချပေးနိုင်ခြင်း။
- ​မြေဆီလွှာနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမရှိခြင်း။
- ​မြေဆီလွှာကို ပြန်လည်ကောင်းမွန်စေရန် ကူညီပေးသည့်
အဏုဇီဝပိုးမွှားများ ပါဝင်ခြင်းနှင့် စပါးလင်ရနံ့သည်
အချို့သော အပင်ဖျက်ပိုးများကို လျှော့ချပေးနိုင်ခြင်း။
​နိဂုံးချုပ်
​စပါးလင်ရွက်သည် ဟင်းချက်ရန် (သို့) ဆေးဖက်ဝင်အပင်တစ်ခုအဖြစ်သာမက ဇီဝယူရီးယားမြေဩဇာပြုလုပ်ရာတွင် အပင်များကို သန်စွမ်းစေပြီး လျင်မြန်စွာ ကြီးထွားစေသောကြောင့် စိုက်ပျိုးသူများနှင့် စားသုံးသူနှစ်ဦးစလုံးအတွက် ဘေးကင်းလုံခြုံမှုပေးနိုင်ပါသည်။

image