12 ပတ် - ဘာသာပြန်ပါ။

❝အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ၁၈ ရက်တိုင်တိုင် ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံမည်❞

စက်တင်ဘာ ၁၀

ရှမ်းပြည်နယ် ညောင်ရွှေမြို့နယ် အင်းလေးဖောင်တော်ဦးမြတ်စွာဘုရား ရုပ်ရှင်တော်မြတ်များ အင်းလေးဒေသဝဲယာ (၂၁) ဌာနသို့ ဒေသစာရီကြွချီလှည့်လည်ပူဇော်ခံခြင်းကို ယခုနှစ်တွင်လည်း ရိုးရာအစဉ်အလာအတိုင်း ၁၈ ရက်တိုင်တိုင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ ဒေသစာရီကြွချီပူဇော်ခံခြင်းကို ဆောင်ရွက်ရာတွင် သီတင်းကျွတ်လဆန်း ၁ ရက် စက်တင်ဘာ ၂၂ ရက် နံနက် ၅ နာရီတွင် မူလသီတင်းသုံး စံပယ်တော်မူရာရတနာစံကျောင်းတော်၌ ရောင်ခြည်တော်ဖွင့်ခြင်း၊ အနေကဇာတင်ခြင်းမင်္ဂလာအခမ်းအနားဖြင့် စတင်ဆောင်ရွက်မည်ဖြစ်သည်။

ထို့နောက် ယင်းနေ့ နံနက် ၇ နာရီတွင် ရတနာစံကျောင်းတော်မှ ကရဝိက်ဖောင်တော်ဖြင့် ကျေးပေါခုံဌာနသို့ စတင်ပင့်ဆောင်ပူဇော်မည်ဖြစ်သလို သီတင်းကျွတ်လဆန်း ၇ ရက် စက်တင်ဘာ ၂၈ ရက် နံနက်ပိုင်းတွင် ညောင်ရွှေမြို့ဌာနသို့ဆိုက်ရောက်၍ သုံးရက်ကိန်းဝပ်ပူဇော်ခံပြီး သီတင်းကျွတ်လပြည့်ကျော် ၃ ရက် အောက်တိုဘာ ၉ ရက်တွင် မူလသီတင်းသုံးတော်မူရာ ရတနာစံကျောင်းတော်သို့ ပြန်လည်ကြွချီ၍ စံကျောင်းတော်ဝင်ပွဲ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ပွဲတော်ကာလအတွင်း အင်းသားရိုးရာလှေလှော်ပြိုင်ပွဲကို ထည့်သွင်းကျင်းပသွားမည်ဖြစ်ရာ အကြိုပွဲစဉ်များအဖြစ် သီတင်းကျွတ်လဆန်း ၅ ရက် စက်တင်ဘာ ၂၆ ရက်တွင် ရေလယ်ဧည့်ခန်းမရှေ့ရေပြင်ကျယ်၌ ကျင်းပပြုလုပ်သွားမည်ပြီး ညောင်ရွှေမြို့ဌာနသို့ ဆိုက်ရောက်သည့် စက်တင်ဘာ ၂၈ ရက်တွင် ညောင်ရွှေမြို့ နန်းကပ်ချောင်း၌လည်းကောင်း၊ အောက်တိုဘာ ၈ ရက်နှင့် ၉ ရက်တို့တွင် အင်းလေးဖောင်တော်ဦး မြတ်စွာဘုရားရတနာစံကျောင်းတော်ရှေ့ရေပြင်၌လည်းကောင်း စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

#centralnewsnaypyitaw

image