ကီးဘုတ်ရဲ့ ညာဘက်ကဂဏန်းတွေကို မြန်မာလို ပြောင်းပြီးပေမဲ့ နှိပ်လိုက်ရင် အင်္ဂလိပ်လိုဘဲ ထွက်နေတဲ့အကြောင်း Comment မှာ မေးထားတာကို ဖြေပေးပါမယ်။😊
ဒီပြဿနာက Keyboard Layout Setting နဲ့ Keyboard Input Method ရောထွေးနေတာကြောင့် ဖြစ်ပါတယ်။
#အဓိကအကြောင်းရင်း (၂) ချက်
၁။ Keyboard Layout vs Input Language ကွဲပြားမှု
- Keyboard Layout ဆိုတာက ကီးဘုတ်ပေါ်က စာလုံးတွေရဲ့ အပြင်အဆင် ပုံစံ ဖြစ်ပါတယ် (ဥပမာ: ကီးဘုတ်ပေါ်မှာ မြန်မာလို ၁, ၂, ၃ လို့ပေါ်နေတာ)။
- Input Language/Input Method ဆိုတာက ထွက်လာမယ့်စာလုံး ဖြစ်ပါတယ် (ဥပမာ: ကီးနှိပ်လိုက်ရင် အင်္ဂလိပ်လို 1, 2, 3 ထွက်လာတာ)။
သင့်မှာ Keyboard Layout ကို မြန်မာလို ပြောင်းထားပေမယ့် Input Language/Input Method က English အဖြစ် သတ်မှတ်ထားမိနေတာကြောင့် ဖြစ်ပါတယ်။
၂။ Num Lock ဖွင့်မိနေခြင်း
ကီးဘုတ်ရဲ့ ညာဘက်ခြမ်းက ဂဏန်းတွေက Num Lock ဖွင့်ထားရင် ဂဏန်းအဖြစ် အလုပ်လုပ်ပြီး၊ Num Lock ပိတ်ထားရင် မူရင်းကီးရဲ့ တာဝန်ကို ပြန်လုပ်တတ်ပါတယ် (ဥပမာ - ၄ ကို နှိပ်ရင် ဘယ်ဘက်မြှား ထွက်တာ)။ ဒါကြောင့် Num Lock ဖွင့်ထားဖို့လည်း လိုအပ်ပါတယ်။
#ဖြေရှင်းနည်းများ☺️
နည်းလမ်း (၁) - Input Language ပြောင်းပါ 🔁 (Windows)
1.Taskbar ရဲ့ ညာဘက်အောက်ခြေက Language bar ကို ကလစ်နှိပ်ပါ (ဥပမာ: ENG ဒါမှမဟုတ် MYA လို့ပေါ်နေတဲ့နေရာ)။
2. မြန်မာ (Myanmar) ကို ရွေးချယ်ပါ။
3. မရှိရင် Language Settings ကိုဝင်ပြီး မြန်မာစာ ကို Add a language ကနေ ထည့်သွင်းပါ။
4. Windows + Spacebar ကိုနှိပ်ပြီး မြန်မာစာကို ရွေးချယ်နိုင်ပါတယ်။
နည်းလမ်း (၂) - Keyboard Layout ကို ပြန်စစ်ပါ။ ✔️
1. Settings > Time & Language > Language > Preferred languages ကိုသွားပါ။
2. အင်္ဂလိပ် (English) ကို ရွေးပြီး Options ကိုနှိပ်ပါ။
3. Keyboards အောက်မှာ Microsoft Myanmar Keyboard ရှိရဲ့လား စစ်ဆေးပါ။
4. မရှိရင် Add a keyboard ကိုနှိပ်ပြီး Microsoft Myanmar Keyboard ကို ထည့်သွင်းပါ။
နည်းလမ်း (၃) - Num Lock ကိုစစ်ဆေးပါ ✔️
ကီးဘုတ်ရဲ့ Num Lock မီးလင်းနေရဲ့လား စစ်ကြည့်ပါ။ မလင်းရင် Num Lock ကီးကို တစ်ချက်နှိပ်ပြီး ဖွင့်လိုက်ပါ။
နည်းလမ်း (၄) - Third-party Myanmar Keyboard Software သုံးထားခြင်း။
ဥပမာ - KeyMagic, WinMyanmar, Parabaik စတဲ့ Software တွေ သုံးထားရင် သူတို့ရဲ့ Setting ထဲမှာ Keyboard Layout ကိုမြန်မာလို ပြောင်းထားဖို့ လိုအပ်ပါတယ်။ ဒီ Software တွေကို ပိတ်ထားရင်ရော ပြဿနာ ရှိသေးလားဆိုတာ စမ်းကြည့်ပါ။
#အဆင့်ဆင့်_စစ်ဆေးကြည့်ရန် 🔍
1. ကီးဘုတ် Language က မြန်မာ ဖြစ်နေပြီလား?(Taskbar ကိုကြည့်ပါ)။
2. Num Lock ဖွင့်ထားပြီလား ?
3. Notepad (သို့) Wordpad ဖွင့်ပြီး ဂဏန်းတွေ ရိုက်ကြည့်ပါ။
4. မရသေးရင် ကီးဘုတ် Driver ကို Device Manager ကနေ Uninstall လုပ်ပြီး Restart ချကြည့်ပါ (ဒါမှမဟုတ်) Another keyboard တစ်ခုနဲ့ စမ်းကြည့်ပါ။
𝑪𝒐𝒎𝒑𝒖𝒕𝒆𝒓 𝑶𝒏𝒍𝒊𝒏𝒆 𝑻𝒓𝒂𝒊𝒏𝒊𝒏𝒈

image