ဒါက အသားကင်နဲ့တွဲဖက်စားရတဲ့ဆောစ့်တစ်မျိုး..ရှမ်းပြည်ဖက်မှာပိုအစားများတယ်..ဥပမာ ဝက်သားကင်..ငါးကင်...ဝက်ဂုတ်သားကင်.သုံးထပ်သားကင်..
တို့နဲ့တွဲစားရင်ပိုလိုက်ဖက်တယ်..
မန်ကျည်းရည်ပျစ်ပျစ်ဖျော်ထား...
ကြက်ဖြူ နှစ်မွှာ ဂျင်းလက်တစ်ဆစ် ငရုတ်သီးစိမ်း ထောင်းထား..သကြား.(သို့)ထန်းလျှက် လည်းထည့်ထောင်း.
မြေပဲလှော်ကို ညက်ညက်လေးထောင်းပြီးထည့်မယ် နှမ်းလှော်
ထည့်မယ် ဆား အရသာမူန့် အနည်းငယ် စီထည့် နံနံပင်ပါးပါးလှီးထား တာထည့် အားလုံးရောသမမွှေလိုက် .
အရသာက ချိုချဉ်စိမ့်မွှေးစပ်လေးပါ...ပျစ်ပျစ်နှစ်နှစ် လေးဖြစ်နေရပါမယ် အရည်ကျဲကြီးမဖြစ်ရပါ...