❝ပြန်လည်ပြုပြင်နေသည့် စစ်ကိုင်းတံတား ခေါ် ဧရာဝတီတံတား (ရတနာပုံ)ကို ဆက်လက်လှုပ်ခတ်နေသည့် ငလျင်ငယ်များကြောင့် ထပ်မံပျက်စီးမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးသွားမည်❞
စက်တင်ဘာ ၁၀
မန္တလေးတိုင်းဒေသကြီးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့ကို ဆက်သွယ်ပေးထားသည့် ဧရာဝတီတံတား (ရတနာပုံ) ကို ပြည်လည်ပြုပြင်ရေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသော်လည်း ဆက်လက်လှုပ်ခတ်နေဆဲဖြစ်သည့် နောက်ဆက်တွဲငလျင်ငယ်များကြောင့် ထပ်မံပျက်စီးမှု ရှိ/မရှိ စောင့်ကြည့်စစ်ဆေးသွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနမှ သိရသည်။
စစ်ကိုင်းတံတားဟု လူသိများသော အဆိုပါ ဧရာဝတီတံတား(ရတနာပုံ) သည် အင်အားပြင်းငလျင်ကြီးကြောင့် မန္တလေးဘက်ခြမ်းတွင် Lateral Bracing သံပေါင်များနှင့် Pier များ ပျက်စီးခဲ့မှုဖြစ်ပေါ်ခဲ့သဖြင့် ပညာရှင်များမှ ပြန်လည်ပြုပြင်ရေးလုပ်ငန်းများကို ဆောင်ရွက်နေခြင်းဖြစ်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ရေထဲရှိ တံတားတိုင်များ၊ ဆိပ်ခံတံတားတိုင် (piers) များ ပိုမိုခိုင်ခံ့စေရန်အတွက် Pier Jacketing ပုံစံဖြင့် ပြုပြင်သွားမည်ဟု သိရပြီး လက်ရှိအချိန်တွင်လည်း တံတားကြီးတွင် ဖြတ်သန်းသွားလာလျှက်ရှိကြသည့် ပြည်သူများ အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင်စေရန် နေ့စဉ် စောင့်ကြည့်စစ်ဆေးကာ အချိန်နှင့်တပြေးညီ တင်ပြနိုင်ရေးနှင့် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းစေရေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
#သတင်းဟင်းလေးအိုးကြီး


+4

