1 ပတ် - ဘာသာပြန်ပါ။

ဗဟိုဘဏ်ဥက္ကဋ္ဌနှင့် ရုရှား Sberbank တာဝန်ရှိသူတို့ တွေ့ဆုံ
ရန်ကုန်၊ စက်တင်ဘာ ၉
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေနဲ့ ရုရှားနိုင်ငံ PJSC "Sberbank of Russia ကုမ္ပဏီရဲ့ ဒုတိယဥက္ကဋ္ဌ Ivan NOSOV ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တို့ မနေ့က နေပြည်တော်မှာ တွေ့ ဆုံခဲ့ကြောင်း သိရပါတယ်။
နှစ်ဖက်တွေ့ ဆုံမှုအတွင်း မြန်မာနိုင်ငံနဲ့ ရုရှားနိုင်ငံတို့အကြား ငွေပေးချေမှုဆိုင်ရာ ကိစ္စရပ်တွေ၊ နိုင်ငံဖြတ်ကျော် ပေးချေမှုတွေကို အဆင်ပြေချောမွေ့ စွာ ဆောင်ရွက်နိုင်ရေး နည်းလမ်းတွေကို ဆွေးနွေးခဲ့ပါတယ်။
အဓိကအားဖြင့် အထူးအိန္ဒိယရူပီးငွေစာရင်းဆိုင်ရာ ငွေပေးချေမှုစနစ် (Special Rupee Vostro Account-SRVA Machanism) မှတစ်ဆင့် ငွေပေးချေမှုတွေ ဆောင်ရွက်နိုင်ရေးကို ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

image