#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းအပါအဝင် အစ္စရေးကို အရေးယူမှုများ စပိန်ကြေညာ
ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေး၏ ထိုးစစ်ဆင်မှုကို ဆန့်ကျင်သည့်အနေဖြင့် အစ္စရေးကိုလက်နက်ရောင်းချမှု ပိတ်ပင်ခြင်းအပါအဝင် အရေးယူမှုအများအပြားကို စပိန်အစိုးရက စက်တင်ဘာ ၈ ရက်တွင် ကြေညာလိုက်သည်။
လူမျိုးတုံးသတ်ဖြတ်မှု အဆုံးသတ်ရန်အတွက် အစ္စရေးသို့ လက်နက်တင်ပို့မှုကို အပြီးအပိုင်ပိတ်ပင်ထားကြောင်း စပိန်ဝန်ကြီးချုပ်ပက်ဒရိုဆန်းချက်ဇ်က ကြေညာခဲ့သည်။
အစ္စရေးတပ်များအတွက် လောင်စာဆီသယ်ဆောင်လာသည့် သင်္ဘောများကို စပိန်တွင်ကမ်းကပ်ခွင့်ပြုမည်မဟုတ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အဆိုပါအစီအမံများသည် အစ္စရေးအစိုးရကို ဖိအားပေးရန် ရည်ရွယ်သည်ဟုဆိုသည်။ ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးက စစ်ဆင်ရေးများ တိုးချဲ့လုပ်ဆောင်နေပြီး ကုလသမဂ္ဂက ဂါဇာမြို့တော်နှင့် မြောက်ပိုင်းပတ်ဝန်းကျင်ဒေသများတွင် အငတ်ဘေးဆိုက်နိုင်ကြောင်း သတိပေးထားသည်။
စပိန်၏အရေးယူဆောင်ရွက်မှုများကို ဂျူးဆန့်ကျင်ရေးလုပ်ရပ်အဖြစ် အစ္စရေးနိုင်ငံခြားရေးဝန်ကြီးက တုံ့ပြန်ထားသည်။ စပိန်ဝန်ကြီးနှစ်ဦးကို အစ္စရေးနိုင်ငံအတွင်းသို့ ဝင်ရောက်ခွင့်ပိတ်ပင်မည်ဖြစ်ကြောင်း ၎င်းက ထုတ်ဖော်ပြောကြားခဲ့သည်။
စပိန်နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း အစ္စရေးနိုင်ငံဆိုင်ရာ သံအမတ်ကြီးကို ပြန်လည်ခေါ်ယူလိုက်ကြောင်း သတင်းများထွက်ပေါ်နေသည်။ စပိန်သည် ၂ဝ၂၄ ခုနှစ်မေလတွင် ပါလက်စတိုင်း နိုင်ငံအဖြစ် အသိအမှတ်ပြုခဲ့ပြီး အခြားဥရောပနိုင်ငံများကလည်း စပိန်နည်းတူလုပ်ဆောင်ခဲ့သည်။
ဘီဘီစီ

image