1 w - Translate

ကမ္ဘာ့ အပါးဆုံး iPhone က ရှယ်ပါးဆို 5.6 mm ပဲရှိတယ် ဒီဖုန်းက လူတိုင်းမျော်နေကြတဲ့ iPhone လို့တောင် ဆိုရမယ်
သတိထားရမှာ iPhone 17 Air မဟုတ်ပါဘူး iPhone Air ပါ
iPhone တွေက နောက်ပိုင်း အရမ်းထူလာတာ ၊ လေးတာမျိုးတွေရှိတော့ ပါးတဲ့ iPhone ကိုမျော်နေကြတဲ့သူတွေ အများသားပဲ
စိတ်မကောင်းစရာ စပြောရရင် ပါးလို့ သဘောကျကြမှာ မှန်ပေမယ့် - Single Camera ၊ Battery နည်းတာတွေက အားနည်းချက်လို့ပြောရမယ် နောက်တစ်ခုက Physical Sim Card ထည့်လို့မရဘူး E-Sim Only ပဲရပါမယ်
SoC ကိုတော့ မလျှော့ထားဘူး Pro တွေကလိုပဲ A19 Pro SoC ကိုသုံးပေးထားတယ် Apple ရဲ့ ကိုယ်ပိုင် Modem ကိုလည်းသုံးပေးထားတယ်
6.5 inch Display ကလည်း 120Hz တန်းဖြစ်မယ် Display လည်း ဝိတ်လျှော့ထားတာမရှိပါဘူး
Single Camera ဖြစ်ပေမယ့် 48MP Sensor ဖြစ်တော့ တော်သေးတယ်ပြောရမယ် 2x Mode ကိုတော့ ရိုးရိုး iPhone တွေကလိုပဲ ရိုက်နိုင်မယ်ပေါ့ ဒါ့အပြင် Lens Mode က ၄ မျိုးရမယ် ပြောတယ်
ရှေ့ဘက် Selfie ကတော့ 18MP တဲ့ အသစ်မိတ်ဆက်ထားတဲ့ Centre Stage Mode လဲရလာမယ်
ထူးခြားတာက Discontinued ဖြစ်သွားတဲ့ MagSafe Battery Pack ကို iPhone Air နဲ့အတူ ပြန်မိတ်ဆက်လာတယ် အားမခံမှာစိုးလို့တဲ့ တူတယ်

image
image
image
image