ဒီနှစ် iPhone 17 Pro တွေ ပုံစံပြောင်းပါတယ် ပုံစံအသစ် iPhone ကို ကိုင်ဖို့စောင့်နေတဲ့သူတွေ အတွက် စောင့်ရကျိုးနပ်ပါတယ်
ကြိုသတင်းထွက်ခဲ့တာတွေလဲ မှန်တာများပါတယ် ကျောဘက်မှာ မြင်တာနဲ့ တန်းသိသာစေနိုင်တဲ့ Camera Bar တန်းကြီးပါလာမယ်
Apple က ကင်မရာသုံးလုံး Design ကို အတော်ကြိုက်ပုံရတယ် ဆက်တော့ သုံးထားတုန်းပဲ ဒါနဲ့ Flash နဲ့ LiDAR Sensor ကတော့ စာဖတ်သူနဲ့ သူမလိုပဲ ဝေးကွာသွားပါပြီ
အရောင်တွေကတော့ လုံးဝ Hot ဖြစ်နေတဲ့ လိမ္မော်ရောင် ပါလာမယ် ၊ အပြာနဲ့ အဖြူ နှစ်ခုထပ်ပါမယ်
ထူးခြားတာက အမဲရောင် ပါမလာတော့တာပါပဲ
ကျန်ပါသေးတယ် Apple ကိုယ်တိုင် ရှယ် Trend ခဲ့တဲ့ Titanium ကို မသုံးတော့ပဲ Aluminum ကိုပဲ ပြောင်းသုံးပေးသွားတယ်
ဒီတစ်ခုကတော့ Downgrade လို့ပြောရမလား ဆိုပေမယ့် Unibody ဖြစ်သွားတဲ့ အားသာချက်လည်း ရှိနေသေးပြန်တယ်
ကျောဘက်မှာ Glass အကွက်လေးလုပ်ပေးထားတာက အထာကျတယ်တောင်ပြောရမယ် မှတ်မိကြမလားမသိဘူး iPhone 5 တုန်းကလို Design Language ဖြစ်သွားတာပဲ ကျောဘက်မှာ Aluminum + Glass ပေါင်းသုံးပေးထားတာပါ
ကင်မရာပိုင်းမှာတော့ ပါသမျှ ကင်မရာအကုန် 48MP ဖြစ်သွားပြီ Longest Zoom Range အနေနဲ့ 8x Zoom အထိ ရသွားမယ့် အားသာချက်လည်းရှိတယ်
အပူစွန့်ထုတ်မှု လျှော့ချဖို့ကလည်း Vapor Chamber ကို ပထမဆုံး စပြီး သုံးပေးလာတယ်
iPhone Pro တွေက တကယ် Pro တွေပါပဲ Storage ကို အမြင့်ဆုံး 2TB အထိ သုံးပေးလာတယ်
