ငွေရှာတတ်ရုံနဲ့ မပြည့်စုံသေးဘူးနော် ။ ရှာထားတဲ့ ငွေတွေကို စီမံခန့်ခွဲတတ်ဖို့က လိုသေးတာကိုးးး ။ စီမံခန့်ခွဲတတ်ရုံအပြင် ဆပွားတိုးတက်အောင် လုပ်ဆောင်နိုင်ပြီဆိုရင်တော့ ငွေကြေးလွတ်မြောက်မှုကိုရမှာ အသေအချာပါပဲ ။
ငွေရှာတတ်ဖို့ရာ ပညာအရည်အချင်း ၊ အဆက်အသွယ် ၊ ကျောထောက်နောက်ခံ ၊ ငွေကြေးအရင်းအနှီး စတဲ့
သင် သိထားတာတွေဟာ အရေးမပါလှပါဘူး ။
အဲဒါတွေ ကောင်းကောင်း မရှိဘဲနဲ့လည်း ကြွယ်ဝချမ်းသာ လာနိုင်ပါတယ် ။ အကြောင်းကတော့ ငွေနဲ့ ပတ်သက်ပြီး
သင် ဘယ်လိုပြုမူကျင့်ကြံသလဲဆိုတာကပဲ အရေးကြီးလို့ပါ ။
ငွေနဲ့ ပတ်သက်ပြီး မှန်ကန်တဲ့ သဘောထား အမြင်မထားတတ်ရင် ၊ ပြုမူကျင့်ကြံပုံက လွဲချော်ခဲ့ရင် ဘယ်လောက်ပဲ
ငွေကြေးချမ်းသာသည်ဖြစ်စေ အချိန်မရွေး ဆင်းရဲ ဒုက္ခရောက်သွားနိုင်ပါတယ် ။
ထက်မြက်ပြီး ဉာဏ်ကောင်းတဲ့သူတွေကိုတောင်မှ ငွေနဲ့ ပတ်သက်တဲ့ ပြုမူကျင့်ကြံပုံကို သင်ပေးရခက်ပါတယ် ။
ရင်းနှီးမြှုပ်နှံမှုပုံစံ ၊ တကိုယ်ရည်ငွေကြေးစီမံခန့်ခွဲပုံစံ နှင့် စီးပွားရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်သည့်ပုံစံများကို တတ်မြောက်ဖို့ရာ သင်္ချာတွက်ချက်မှု အခြေခံပြီး သတင်းအချက်အလက် ၊ ဖော်မြူလာများမှတဆင့် သင်ပေးလို့ရပါတယ် ။ ဒါပေမယ့် လက်တွေ့မှာတော့ လူတွေဟာ စာရင်းစာရွက်ပေါ်မူတည်ပြီး ငွေကြေးဆိုင်ရာ ဆုံးဖြတ်ချက်များ ချမှတ်ကြတာတော့ မဟုတ်ပါဘူး ။
ကမ္ဘာကြီးနဲ့ အတိတ်သမိုင်းအပေါ် မြင်တဲ့ မိမိရဲ့ ကိုယ်ပိုင် ရှုတောင့် ၊ မိမိရဲ့ အတ္တ ၊ မာန ၊ ယုတ္တိမရှိတဲ့ မက်လုံးများ ၊ စတာတွေကို ပေါင်းစပ်ပြီးတော့ ညစာ စားနေရင်းဖြစ်စေ ၊
အစည်းအဝေးခန်းထဲမှာပဲဖြစ်စေ ဆုံးဖြတ်ကြတာပါ ။
ဒါကြောင့် ချမ်းသာကြွယ်ဝဖို့ဆိုတာ စိတ်နေစိတ်ထားက အဓိက ပြဿနာပါ ။ ငွေရှာနေတဲ့ မည်သူမဆို ဒီစာအုပ်တွေကို ဖတ်ကြည့်ဖို့အတွက် ညွှန်းပေးချင်ပါတယ်ရှင့် ။
#မြကြေးမုံ_စာအုပ်ဆိုင်
