Operation Wandering Soul ဆိုတာဟာ ဗီယက်နမ်စစ်ပွဲအတွင်းက အမေရိကန်တပ်ဖွဲ့တွေနဲ့ တောင်ဗီယက်နမ်တပ်ဖွဲ့တွေ ပူးပေါင်းပြီး ဗီယက်နမ်စစ်သားတွေရဲ့ စိတ်ဓာတ်ကို ထိုးနှက်ဖို့အတွက် လုပ်ဆောင်ခဲ့တဲ့ ထူးခြားတဲ့ စိတ်ပိုင်းဆိုင်ရာ စစ်ဆင်ရေး (Psychological Warfare) တစ်ခု ဖြစ်ပါတယ် ဒီစစ်ဆင်ရေးဟာ ဗီယက်နမ်လူမျိုးတွေရဲ့ ယုံကြည်မှုတစ်ခုကို အခြေခံပြီး တိုက်ရိုက်ပစ်မှတ်ထားခဲ့တာပါ
ဗီယက်နမ်ယဉ်ကျေးမှုအရ စစ်ပွဲအတွင်း ေxသဆုံးသွားတဲ့သူတွေဟာ သူတို့ရဲ့ ဇာတိမြေမှာ သင့်လျော်တဲ့ မြှုပ်နှံမှု မရရှိဘူးဆိုရင် သူတို့ရဲ့ ဝိညာဉ်တွေဟာ အိမ်ကိုပြန်ဖို့ လမ်းစရှာရင်းနဲ့ လှည့်လည်သွားလာနေရတယ်လို့ ယုံကြည်ကြပါတယ် ဒီလိုဝိညာဉ်တွေဟာ လှည့်လည်သွားလာနေရတဲ့အတွက် ဒုက္ခရောက်နေတယ်လို့လည်း ယူဆကြပါတယ်
အမေရိကန်တပ်ဖွဲ့တွေဟာ ဒီယုံကြည်ချက်ကို အခွင့်ကောင်းယူပြီး ဗီယက်နမ်စစ်သားတွေကို ခြောက်လှန့်ဖို့အတွက် ဒီစစ်ဆင်ရေးကို အသုံးပြုခဲ့ပါတယ်။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ဗီယက်နမ်စစ်သားတွေဟာ သူတို့ရဲ့ ကျဆုံးသွားတဲ့ ရဲဘော်တွေရဲ့ ဝိညာဉ်အသံတွေ ကြားရတဲ့အခါ ကြောက်ရွံ့ပြီး ဆက်မတိုက်တော့ဘဲ စစ်တပ်ကနေ ထွက်ပြေးဖို့ သွေးဆောင်ရန်အတွက်ဖြစ်ပါတယ်
ဒီစစ်ဆင်ရေးအတွက် အမေရိကန် အင်ဂျင်နီယာတွေနဲ့ စိတ်ပညာရှင်တွေဟာ အသံအမျိုးမျိုးကို စုဆောင်းခဲ့ပါတယ် စစ်မြေပြင်မှာ ကျဆုံးခဲ့တဲ့ ဗီယက်နမ်စစ်သားတွေရဲ့ အသံအဖြစ် ဟန်ဆောင်ပြီး ကြောက်မက်ဖွယ်ကောင်းတဲ့ အသံတွေ၊ ညည်းတွားသံတွေနဲ့ အော်ဟစ်သံတွေကို မှတ်တမ်းတင်ခဲ့ပါတယ် အဲဒီအသံတွေထဲမှာ "သားရေ၊ ငါေxသဆုံးသွားပြီ"၊ "အိမ်ကိုပြန်လို့ မရတော့ဘူး"၊ "စစ်ပွဲကိုရပ်ပြီး ဘက်ပြောင်းလာခဲ့ပါ" စတဲ့ စကားလုံးတွေလည်း ပါဝင်ပါတယ်
ပိုမို ယုံကြည်လာအောင် တောင်ဗီယက်နမ်စစ်သားတွေကိုပါ ခေါ်ယူပြီး အသံတွေ ထပ်မံသွင်းခဲ့ကြပါတယ် ဗီယက်နမ်စကားနဲ့ တကယ် ပြောဆိုတဲ့ အသံတွေကြောင့် ဗီယက်နမ်စစ်သားတွေဟာ သူတို့ရဲ့ ရဲဘော်တွေရဲ့ ဝိညာဉ်အသံတွေလို့ အမှန်တကယ် ယုံကြည်သွားအောင် လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်
"Ghost Tape Number Ten" လို့ နာမည်ပေးထားတဲ့ အသံသွင်းထားတဲ့ အဲ့ဒီတိပ်ခွေကို ဗီယက်တပ်ဖွဲ့တွေ ရှိနိုင်မယ့် နယ်မြေတွေမှာ အထူးသဖြင့် ညအချိန်တွေမှာ အသံချဲ့စက်ကြီးတွေနဲ့ ဖွင့်ခဲ့ပါတယ် တစ်ခါတစ်ရံမှာ ရဟတ်ယာဉ်တွေကို အသုံးပြုပြီး ဝေးလံတဲ့နေရာတွေအထိ သွားရောက်ဖွင့်ပြခဲ့တာမျိုးလည်း ရှိပါတယ်
ဒီစစ်ဆင်ရေးဟာ ဗီယက်နမ်စစ်သားတွေအပေါ် ဘယ်လောက်အထိ ထိရောက်မှုရှိခဲ့လဲဆိုတာကို တိတိကျကျ ပြောဖို့ ခက်ခဲပါတယ် ဒါပေမဲ့ မှတ်တမ်းအချို့အရ တချို့စစ်သားတွေဟာ အသံတွေကြောင့် ထိတ်လန့်ပြီး စစ်တပ်ကနေ ထွက်ပြေးတာ၊ ဘက်ပြောင်းတာမျိုးတွေ ရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်
ဒီစစ်ဆင်ရေးဟာ ရုပ်ပိုင်းဆိုင်ရာတိုက်ခိုက်မှုမျိုးမဟုတ်ဘဲ ရန်သူရဲ့ယုံကြည်မှုနဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေကို ပစ်မှတ်ထားတိုက်ခိုက်ခဲ့တဲ့ နည်းဗျူဟာဖြစ်တာကြောင့် စစ်ပွဲသမိုင်းမှာ ထူးခြားတဲ့ ဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းတင်ထာပါတယ်
#knowledge #ဗဟုသုတ #facts #whatthefacts
