သွေးကြောပိတ်ဆို့ခြင်းကို
သက်သာစေမယ့်
သဘာဝနည်းလမ်း
လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာ၊ မှတ်ဉာဏ်မကောင်းတာ၊ မူးဝေတာနဲ့ စကားပြောတာမပီသတာမျိုးတွေ ခံစားနေရပြီဆိုရင် သင့်ရဲ့ဦးနှောက်သွေးကြောတွေ ကျဉ်းလာတာ ဒါမှမဟုတ် ပိတ်ဆို့နေတာဖြစ်နိုင်ပါတယ်။ ဒီလိုအခါမျိုးမှာ ဆေးဝါးတွေအစား သဘာဝနည်းလမ်းလေးနဲ့ သွေးကြောတွေကို ပြန်လည်သန့်စင်ပြီး ကျန်းမာအောင် လုပ်လို့ရပါတယ်။
ပစ္စည်းတွေ
* ကြက်ဥအကာ (၂) လုံး
* ကြက်သွန်နီ (၄) လုံး
* ငရုတ်ကောင်းမှုန့် (၁) ဇွန်း
* ပဲငံပြာရည်အကြည် အနည်းငယ်
ပြုလုပ်ပုံ
* ကြက်သွန်နီ (၄) လုံးကို ငရုတ်ကောင်းမှုန့် (၁) ဇွန်းနဲ့ ရောပြီး ညက်အောင် ထောင်းပါ။
* ပြီးရင် ကြက်ဥအကာ (၂) လုံးနဲ့ ပဲငံပြာရည်အကြည် အနည်းငယ်ကို ရောမွှေပါ။
* အားလုံးကို သမအောင် ရောပြီးရင် ပေါင်းအိုးနဲ့ ကျက်အောင် ပေါင်းပါ။
* ပေါင်းပြီးသား အရောအနှောကို မနက်ခင်း ဆန်ပြုတ်ပူပူလေးနဲ့ ၇ ရက်ဆက်တိုက် စားပေးပါ။
ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်မလဲ
* ဒီနည်းလမ်းကို တစ်လမှာ ၇ ရက်ဆက်တိုက် ပုံမှန်စားပေးရင် ဦးနှောက်သွေးကြောတွေကို သန့်စင်ပေးပြီး သွေးလည်ပတ်မှုကို ကောင်းစေပါတယ်။
* လက်တွေ၊ ခြေထောက်တွေ ထုံကျင်တာနဲ့ မူးဝေတာတွေ သက်သာလာပြီး မှတ်ဉာဏ်လည်း ပိုကောင်းလာပါလိမ့်မယ်။
* ခန္ဓာကိုယ်ကနေ ချွေးတွေထွက်ပြီး ပိတ်ဆို့နေတဲ့အဆီတွေကို ဖယ်ရှားပေးပါတယ်။
* လေဖြတ်ခြင်းလို ရောဂါတွေကို ကာကွယ်ပေးပြီး ရောဂါမရှိသေးရင်တောင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ စားနိုင်ပါတယ်။
ဒီနည်းလမ်းလေးဟာ ရိုးရှင်းပေမယ့် သင့်ရဲ့ကျန်းမာရေးအတွက် အကျိုးကျေးဇူးများစွာကို ပေးနိုင်ပါတယ်။ သင်ချစ်ခင်ရသူတွေလည်း သိရှိနိုင်အောင် ဒီပို့စ်ကို မျှဝေပေးဖို့ တောင်းဆိုလိုက်ပါတယ်။

image