1 ပတ် - ဘာသာပြန်ပါ။

လက်ရှိခေတ်စားနေတဲ့ စီးတီးမတ် အချိန်ပိုင်းအလုပ်မှာ လစာဘယ်လောက်ရနိုင်မလဲ ဆိုတဲ့မေးခွန်းရဲ့ အဖြေ
ဒီနေ့ လိုင်းပေါ်မှာ ဟော့နေတဲ့ အကြောင်းအရာကတော့ စီးတီးမတ် ကုမ္ပဏီကနေ အချိန်ပိုင်း အရောင်းဝန်ထမ်း ခေါ်ယူတဲ့ အကြောင်းပါပဲ။ ကျောင်းသားအရွယ်ကနေ ပင်စင်စား အရွယ်ထိ ပါဝင်တာကြောင့် လူအများအပြား စိတ်ဝင်စားနေကြပါတယ်။ လစာ ဘယ်လောက် ရမလဲဆိုတဲ့ မေးခွန်းကိုလည်း စိတ်ဝင်စားတဲ့သူတိုင်း မေးနေကြပါတယ်။
အဲဒီအတွက် HR ပညာရှင်တွေ ပြောပြတဲ့ လစာရနိုင်ခြေကို ဖော်ပြပေးလိုက်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ်တုန်းက ပြင်ခဲ့တဲ့ အနည်းဆုံး အခကြေးငွေ ဥပဒေအရ တရက် (၈ နာရီ) လုပ်အားခ အနည်းဆုံး နှုန်းထား ၄၈၀၀ ကျပ်နဲ့ အပို ထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ စုစုပေါင်း ၆၈၀၀ ကျပ် ပေးရမှာ ဖြစ်ပါတယ်။
အဲဒါကြောင့် တနာရီကို လုပ်အားခ ၆၀၀ လို့ မှတ်ယူလို့ ရပါတယ်။ စီးတီးမတ်က ဖော်ပြထားတဲ့ (၄) နာရီကြာ အချိန်ပိုင်း အလုပ်ဆိုရင်တော့ လစာ ၂၄၀၀ ကျပ်နဲ့ အပိုထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ စုစုပေါင်း ၄၄၀၀ ကျပ် အနည်းဆုံး ရရှိမှာ ဖြစ်ပါတယ်။
တခြား ခံစားခွင့်နဲ့ ရပိုင်ခွင့်တွေကတော့ စီးတီးမတ်ကုမ္ပဏီရဲ့ မူဝါဒအတိုင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် အချိန်ပိုင်း လုပ်သူတွေကတော့ (၄) နာရီတပိုင်းမှာ အနည်းဆုံး လစာ ၄၄၀၀ ကျပ် ရရှိမယ်လို့ သိရှိရပါတယ်။
#စီးတီးမတ်
#အချိန်ပိုင်း

image