1 ပတ် - ဘာသာပြန်ပါ။

အင်အား(၄ ဒသမ ၀)အဆင့်ရှိငလျင်တစ်ခု ကွမ်းခြံကုန်းမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့

‎ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့ကိုဗဟိုပြု၍ အင်အအနည်းငယ်ရှိ ငလျင်တစ်ခု စက်တင်ဘာ ၉ ရက်ညပိုင်းကလှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

‎ကွမ်းခြံကုန်းမြို့၏ တောင်-အရှေ့တောင်ဘက် (၆၉)မိုင်ခန့်အကွာ မြောက်လတ္တီတွဒ်(၁၅ ဒသမ ၆၀)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ်(၉၆ ဒသမ ၅၉) ဒီဂရီ၊ အနက်(၁၀)ကီလိုမီတာကိုဗဟိုပြု၍ အင် အားရစ်(ခ်)တာစကေး(၄ ဒသမ ၀)အဆင့် အင် အားအနည်းငယ်ရှိသော ငလျင်တစ်ခု စက်တင် ဘာ ၉ ရက်ည ၁၀ နာရီ၄၆ မိနစ် ၁ စက္ကန့်ကလှုပ်ခတ်ခဲ့ကြောင်း သိရသည်။

‎အဆိုပါ ငလျင်လှုပ်ခတ်မှုကို ကမ္ဘာအေးမြေင လျင်စခန်းမှတိုင်းထွာရှိခဲ့ခြင်းဖြစ်ကြောင်း မိုး လေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနထံမှ သိရသည်။

image