1 ပတ် - ဘာသာပြန်ပါ။

ကမ္ဘာ့ရွှေဈေးမြင့်တက်လာမှုကြောင့် ပြည်တွင်းရွှေဈေးသိန်း(၈၀)နီးပါးရောက်ရှိ
စက်တင်ဘာလဆန်းပိုင်းမှစတင်ပြီး ကမ္ဘာ့ရွှေဈေးသည် တရိပ်ရိပ်မြင့်တက်လာပြီး ပြည်တွင်းရွှေဈေးသည်လည်း သိန်း (၈၀) နီးပါးအထိ ရောက်ရှိလာကြောင်း ပြင်ပရွှေဈေးကွက်အတွင်းမှ သိရသည်။
ကမ္ဘာ့ရွှေဈေးသည်စက်တင်ဘာလ (၁) ရက်တွင် တအောင်စလျှင် ဒေါ်လာ (၃၄၀၀) ကျော်ရှိပြီး ရွှေတစ်ကျပ်သား (၇,၇၅၀,၀၀၀) ရှိရာမှ ယနေ့တွင် တစ်အောင်စ (၃,၆၅၂) ဒေါ်လာရှိပြီး ရွှေတစ်ကျပ်သား (၇,၉၆၀,၀၀၀) ကျပ်အထိမြင့်တက်လာကြောင်း သိရသည်။
သို့သော် ကမ္ဘာ့ရွှေဈေးစံချိန်မြင့်တက်သော်လည်း ပြည်တွင်းရွှေဈေးသည် အတိုင်းအဆမရှိ မြင့်တက်လာခြင်းမရှိဘဲ ဝယ်လိုအားကျဆင်းနေခြင်းကြောင့် ဈေးငြိမ်နေခြင်းဖြစ် ကြောင်း ရွှေလုပ်ငန်းရှင်တစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။
ယခုမိုးရာသီကာလတွင် ပုံမှန်အားဖြင့် ရွှေဈေးကွက်သည် အရောင်းအဝယ်အေးကြောင်း သိရသည်။

image